Data
ကရင်နီတွင် စက်တင်ဘာလတိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်က ၇၈ ဦး သေဆုံး
လွန်ခဲ့သော တစ်နှစ် က
စက်တင်ဘာ ၆။
ကရင်နီ(ကယား)ပြည်နယ်တွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၇၈ ဦး သေဆုံး ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့- KNDFက အောက်တိုဘာ ၃ ရက်က ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက် လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီ ကား ၂ စီးကို မီးရှို့ဖျက်စီးခဲ့ပြီး ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီက ကရင်နီတွင် လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ကျူးလွန်ခဲ့သည့်အတွက် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည့်အပြင် မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်ဟု KNDFက ပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး၊ ကျန်းမာရေးအဆောက်အဦ ၁ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ လုံး ပျက်စီးခဲ့ရပြီး လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
စက်တင်ဘာလတိုက်ပွဲများအတွင်း KNDF ရဲဘော် (၈) ဦး ကျဆုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။