Data
စစ်ကောင်စီက တစ်နှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ကျော်ကို စွမ်းရည်ဆိုင်ရာ ဘွဲ့များချီးမြှင့်ခဲ့
လွန်ခဲ့သော တစ်နှစ် က
အောက်တိုဘာ ၂။
စစ်တပ်အာဏာသိမ်းထားသည့် ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ယခုနှစ် အောက်တိုဘာလ အထိ ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ကျော်ကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြင့်ခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
တစ်နှစ်အတွင်း ရဲတပ်ဖွဲ့များကို ဘွဲ့ထူးများချီးမြှင့်ရာတွင် ဝဏ္ဏကျော်ထင်ဘွဲ့ ၇ ဦး၊ ရဲသီဟတံဆိပ် ၁ ဦး၊ ရဲသူရတံဆိပ် ၁၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်သူ တံဆိပ် ၅ ဦး၊ လူမှု ထူးချွန်တံဆိပ်(တတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်း ၃၃၀ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၈၂၉ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင်တံဆိပ် ၁,၉၁၀ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၂၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ် ၄,၁၆၇ ဦးဖြစ်သည်ဟုဆိုသည်။
ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ၅၉ နှစ်မြောက် ရဲတပ်ဖွဲ့နေ့တွင် ထိုသို့ပြောဆို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ - အာဏာသိမ်းကာလတွင် တွေ့ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ