Politics
ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်
လွန်ခဲ့သော ၈ လ က
ဇွန် ၁၈။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကျိုက်မရောအကျဥ်းထောင်က ထောင်ပြောင်းနဲ့ရောက်ရှိလာတဲ့ နိုင်ငံရေး အကျဉ်းသူ ၄၀ ကျော်ကို ထောင်ဝန်ထမ်းအရာရှိတွေဦးဆောင်ပြီး ဥပဒေမဲ့ ရိုက်နှက်မှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။
ထောင်ဝန်ထမ်း ဦးစီးအရာရှိအပါဝင် ၄ ဦးက ရိုက်နှက်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၅ ရက် အကျဉ်းထောင်ပြောင်းမှုမှာ နိုင်ကျဉ်းအများဆုံးပါဝင်ခဲ့ပြီး အကျဉ်းသူ ၆၀ နဲ့ အကျဉ်းသား ၁၀၀ ကို ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေဆီ ပြောင်းရွေ့ခဲ့တာလို့ ဆိုပါတယ်။
ရိုက်နှက်မှုကြောင့် ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်အပါအဝင် ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူ ၅ ဦးထက်မနည်း ဦးခေါင်းထိခိုက်ပေါက်ပြဲဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကာ ဒိုက်ဦး ဆေးရုံဆောင်မှာ ဆေးဝါးကုသမှုခံယူခဲ့တယ်လို့ ပြောပါတယ်။
အမျိုးသမီးအကျဉ်းသူ ၆၀ မှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ပါဝင်ခဲ့ပြီး အမျိုးသမီးတွေကိုထားတဲ့ တိုက်တစ်ခုမှာ ပစ္စည်းတွေကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ပါတယ်။
ပစ္စည်းရှာဖွေမှုပြီးဆုံးချိန်မှာ ကျိုက်မရောထောင်က ပါလာတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေကို သိမ်းယူထားတာကြောင့် ထောင်ပြောင်းနိုင်ကျဉ်းတွေက ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။
တောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းတွေက ကောင်းမွန်စွာမဖြေရှင်းပေးဘဲ အမျိုးသားအရာရှိဝန်ထမ်းတွေကို ခေါ်ယူဖြေရှင်းခိုင်းခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေး ထားပါတယ်။
အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို အော်ဟစ်ဆဲဆိုကာ မိုးပေါ်ထောင်ကာ သေနတ် လေးချက် ပစ်ဖောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အခြားအဆင့်ဝန်ထမ်းတွေက လေးခွတွေနဲ့ ပစ်ခတ်တာ အရာရှိဝန်ထမ်းတွေကိုယ်တိုင် ကျဉ်စက်၊ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုးတွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ အသိပေးထားပါတယ်။
Burma Associated Press
Related Articles
- NUG အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တဲ့ ဒေါ်ဖြိုးစန္ဒာစိုး ILO ရဲ့ Worker Deputy Member အဖြစ် ရွေးကောက်ခံရ
- စစ်ကောင်စီက ကော့ကရိတ်တောင်ပိုင်း ကျေးရွာများ အတွင်းသို့ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်
- စစ်ရေးတင်းမာနေတဲ့ လားရှိုးမှာ ဖုန်းအတွင်း VPN တွေ့ပါက ခြိမ်းခြောက်ငွေတောင်းမှုများရှိနေ
- နေရပ်ပြန် ဆီဆိုင်ဒေသခံတွေ လူတစ်ဦးကို စစ်မှုထမ်းစားရိတ် တလ ၁ သိန်းနဲ့ လေးနှစ်အထိပေးရဖို့ရှိနေ
- PDF ရဲဘော်တွေဖန်တီးထားတဲ့ “စစ်သည်တော်တို့ တေးသွား” Music Album လက်မှတ်များရောင်းချ
Top News
လွန်ခဲ့သော ၁၃ နာရီ က
လွန်ခဲ့သော ၅ ရက် က