bap-logo
Politics

ရန်ကုန်မှာ မီးဖိုချောင်သုံး ဂတ်စ်တွေ တစ်ပတ်အတွင်း ၄၀ ရာခိုင်နှုန်းထိ ဈေး မြင့်တက်

CV9Te6vARHF__KHZ9LBaH-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၂။

 

ရန်ကုန်က မြို့နယ်အချို့မှာ မီးဖိုချောင်သုံးဂတ်စ်တွေ ပြတ်လပ်နေပြီး တစ်ပတ် အတွင်း ၄၀ ရာခိုင်နှုန်းထိ စျေးမြင့်တက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဒီဇင်ဘာလဆန်းတုန်းက စားပွဲတင်မီးဖိုအတွက် အသုံးပြုရတဲ့ ဘူးသေး တစ်ဘူးကို ၈၀၀ ကျပ်နဲ့ ဖြည့်ရတဲ့ဘူးဟာ လက်ရှိအချိန်မှာ ,၄၀၀ ကျပ်နဲ့ ဖြည့်နေ ရပြီး ဂတ်စ်အိုးကြီးတွေဖြည့်တဲ့ ဂတ်စ်က တစ်ပိဿာကို ,၅၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ် ဝန်းကျင်ထိ စျေးမြင့်တက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

 

"အရင်က ရပ်ကွက်ထဲကဆိုင်တွေမှာ ဘူးအလွတ်ပေးပြီးလဲရုံပဲ၊ ခုက စျေးတက်သွားတဲ့အပြင် လဲလို့ မရတော့ဘူး ပြောတယ်၊ ဆိုင်ကြီးတွေမှာ ဖြည့်ထားတာ၊ လာမပို့လို့ ရပ်ကွက်ထဲက ဆိုင်တွေမှာ ဂတ်စ်ဘူးဖြည့်လို့ မရတော့ဘူး"လို့ တာမွေမြို့နယ်က အိမ်ရှင်မတစ်ဦးက လက်ရှိအခြေနေကို ပြောပြပါတယ်။

 

ရန်ကုန်မြို့က ရပ်ကွက် အများစုမှာ မီးတစ်ရက် နာရီပင် ပုံမှန်မလာကြလို့ ဂတ်စ်မီးဖိုတွေ၊ မီးသွေး မီးဖိုတွေ အသုံးပြုသူများလာနေတယ်လို့ သိရပါတယ်။

 

"ရပ်ကွက်ထဲ ဖြည့်မရလို့ ဆိုင်ကြီးတွေမှာလည်း တန်းစီဖြည့်ရတာပဲ၊ အရင်က ဖြည့်ပြီးသားဘူးနဲ့ ယူလာတဲ့ ဘူးချင်း လဲရတာ၊ ခုက ဂတ်စ်ရောက်တာနဲ့ တန်းကုန်တယ်ဆိုလို့ စောင့်ပြီး ဖြည့်ခဲ့ရတယ်"လို့ သာကေတ မြို့နယ် နေသူတဦးကပြောပါတယ်။

 

ဒီဇင်ဘာလအစပိုင်းတုန်းက ဂတ်စ်ဖြန့်ဖြူးတဲ့ကုမ္ပဏီအချို့ လက်ကား ဖြန့်ဝေမှုကို ရပ်တန့်ခဲ့တာတွေ ရှိခဲ့ပြီး အချို့ဆိုင်တွေ ဒီနေ့အထိ ပိတ်ထားဆဲ ဖြစ်တယ် လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

 

"ရောင်းနေတဲ့ဆိုင်တွေကလည်း အကန့်အသတ်လေးနဲ့ ထိန်းရောင်းနေရတယ်။ ဈေးကတော့တက်တယ်၊ ဒီရက်ပိုင်းအတွင်းတော့ ဂတ်စ်အနည်းငယ် ပြန်ရလာ လို့ လက်လီဦးစားပေး ဖြည့်ပေးနေရတယ်လို့ ဂတ်စ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

ဂတ်စ်စျေးမြင့်တက်မှုအခြေအနေတွေကြောင့် ဂတ်စ်အသုံးပြုနေရတဲ့ ဟော့ပေါ့ဆိုင်၊ အသားကင်ဆိုင် အချို့ ဆိုင်ပိတ်ထားရတဲ့ အခြေအနေထိ ကြုံနေကြတာလည်းရှိတယ်လို့ သိရပါတယ်။

 

လက်ရှိရန်ကုန်မြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စက်သုံးဆီရဖို့ နာရီကျော် အချိန်ကြာအောင် တန်းစီနေရပြီး သဘာဝဓာတ်ငွေ့နဲ့ မောင်းရတဲ့ YBS ယာဥ်လိုင်းတွေပါ တန်းစီ နေရတယ်လို့ သိရပါတယ်။

 

Burma Associated Press

ရန်ကုန်
လောင်စာဆီ
ဂတ်စ်
ဓာတ်ဆီ

Share With
bap-logo