bap-logo
Politics

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရသူကို သဂြိုလ်ပေးတဲ့ လူနှစ်ယောက်ကို စစ်တပ်ကဖမ်းဆီး

Nq7LkUN-jY2QF3YXEALmP-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၂။

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက ဆန်စက်ပိုင်ရှင်ကို ထောက်ပို့လုပ်တယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့က သတ်ဖြတ်ခံပြီးနောက် ရုပ်အလောင်းကို သဂြိုလ်ပေးခဲ့တဲ့ မိတ်ဆွေနှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

 

"ဆန်စက်ပိုင်ရှင်ကို သဂြိုလ်ပေးလို့ သက်သက်မဲ့ ဖမ်းတာ၊ ၁၀ ရက် မနက်ပိုင်း သဂြိုလ်တာ၊ ၁၁ နာရီ ဝန်းကျင်မှာ လာဖမ်းတာ၊ နယ်မြေရှင်းလင်းတာတော့မရှိဘူး၊ ဖမ်းပြီးပြန်သွားကြတယ်။ ဒီနေ့အထိ သူတို့ နှစ်ယောက်နဲ့ ပတ်သက်ပြီး ဘာသတင်းမှမကြားဘူး၊ စစ်ကြောရေးမှာလား ရဲစခန်းမှာလားသေချာ မသိရဘူး။" လို့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ နီးစပ်သူမိတ်ဆွေတစ်ဦးက ပြောပါတယ်။

 

ဆန်စက်ပိုင်ရှင် ဦးဇော်မင်းဟာ ဒီဇင်ဘာ ရက် နေ့လယ်ပိုင်းက သတ်ဖြတ်ခံရတာဖြစ်ပြီး ကား စီးခန့်နဲ့ စစ်သား အများအပြားလာရောက်ဖမ်းဆီးချိန် ပစ်သတ်ခံလိုက်တာလို့ ဒေသခံအချို့က အသိပေး ပြောဆို ထားပါတယ်။

 

ဦးဇော်မင်းရဲ့အိမ်နဲ့ တစ်ဆက်တစပ်ထဲရှိတဲ့ ဆန်စက်ဂိုဒေါင်ထဲက ဆန်အိတ်တွေ၊ နေအိမ်အတွင်းက ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

 

ဦးဇော်မင်းအလောင်းကို ဒီဇင်ဘာလ ၁၀ ရက်၊ မနက် နာရီ ဝန်းကျင်မှာ သဂြိုလ်ပေးခဲ့ပြီး၊ သဂြိုလ်ပေးခဲ့သူ တွေဟာ ဘယ်အဖွဲ့အစည်းနဲ့မှပတ်သက်သူတွေမဟုတ်ပဲ ဖမ်းဆီးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

အသတ်ခံရ
ငါန်းဇွန်မြို့
အရပ်သား

Share With
bap-logo