bap-logo
Politics

အာဖဂန်ကို ကျော်၍ မြန်မာက ကမ္ဘာ့ထိပ်တန်း ဘိန်းထုတ်လုပ်သူဖြစ်လာ

BtwiIDZpec6kZjN8kgWrp-image

လွန်ခဲ့သော တစ်နှစ် က

ကြမ်းတမ်းရက်စက်သည့် ပြည်တွင်းစစ်၏ ချေမွခြင်းကို ခံနေရသော မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူဟူသည့် ဂုဏ်ပုဒ်ကို မယုံကြည်နိုင်စရာ ပြန်လည်ရရှိခဲ့သည်ဟု အင်္ဂါနေ့တွင် ထုတ်ဝေသော ကုလအေဂျင်စီ အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။

 

မြန်မာနိုင်ငံသည် ဘိန်းထုတ်လုပ်ရေး တားမြစ်ထားသော တာလီဘန်တို့ အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်ကို ကျော်ဖြတ်ထုတ်လုပ်ခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က ၎င်း၏ "အရှေ့တောင်အာရှ ဘိန်းစစ်တမ်း ၂၀၂၃” တွင် ဖော်ပြထားသည်။

 

တာလီဘန်တို့၏ ထုတ်လုပ်ရေးပိတ်ပင်မှုကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅% လျော့ကျသွားသည်ဟု UNODC က ပြီးခဲ့သည့်လက ပြောခဲ့သည်။ မော်ဖင်းနှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် အခြေခံရသည့် ဘိန်းကို ဘိန်းပန်းမှ ဆွတ်ခူးရသည်။

 

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ခန့်မှန်းခြေ တရားမဝင်စိုက်ပျိုးမြေ ၁၈ % အထိ ၄၇,၁၀၀ ဟက်တာ (၁၁၆၄၀၀ ဧက) တိုးတက်လာသည်ဟု UNODC အစီရင်ခံစာက ဆိုသည်။

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှု ပျက်ယွင်းခြင်းတွေက ဝေးလံတဲ့ဒေသက တောင်သူတွေကို ဘိန်းစိုက်ပြီး အသက်မွေးမှုဆီကို ဆက်လက် တွန်းပို့ နေပါတယ်

 

သမိုင်းဝင် အထွဋ်အထိပ် ကာလဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးခဲ့သော ၅၈,၀၀၀ ဟက်တာ (၁၄၃,၃၀၀ ဧက) သို့ ပြန်လည် မရောက်ရှိသေးသော်လည်း သုံးနှစ်ဆက်တိုက် တိုးတက်လာခဲ့ပြီးနောက် မြန်မာ့ ဘိန်း စိုက်ပျိုးမှုသည် ကျယ်ပြန့်ပြီး ထုတ်လုပ်နိုင်မှု ပိုမိုလာခဲ့သည်။” ဟု ဖော်ပြထားသည်။

 

ဘိန်းအထွက်နှုန်းမှာလည်း တစ် ဟက်တာလျှင် ၁၆ % ဖြစ်သော ၂၂. ကီလိုဂရမ် (တစ်ဧက လျှင် ၂၀.၄၃ ပေါင်) အထိ တိုးတက်လာသည်ဟု ခန့်မှန်းထား၍ ၂၀၂၂ ခုနှစ် စံချိန်ထက် ကျော်လွန်ခဲ့သည်။ " စိုက်ကွက် သိပ်သည်းမှု တိုးတက်လာခြင်း၊ အပင်နေရာချစီမံမှု တိုးတက်လာခြင်း၊ ရေသွင်းစနစ်များနှင့် အလားအလာကောင်းသည့် မြေဩဇာများကဲ့သို့သော နည်းစနစ်များ တိုးတက်လာခြင်းတို့ အပါအဝင် ခေတ်မီစိုက်ပျိုးရေးနည်းနာများ တိုးတက်လာခြင်းယခုကဲ့သို့ အထွက်နှုန်းတိုးလာခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ ကြမ်းတမ်းသည့် နိုင်ငံရေးဆိုင်ရာ ကမောက်ကမဖြစ်မှုသည် ဘိန်းထုတ်လုပ်ရေးကို တိုးတက်စေ သည့် အကြောင်းတစ်ခုဖြစ်သည်။

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှု ပျက်ယွင်းခြင်းတွေက ဝေးလံတဲ့ဒေသက တောင်သူတွေကို ဘိန်းစိုက်ပြီး အသက်မွေးမှုဆီကို ဆက်လက် တွန်းပို့နေပါတယ်။” ဟု UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောသည်။

 

အစီရင်ခံစာတွင် "အရှေ့တောင်အာရှမှ ဘိန်းစိုက်ပျိုးခြင်းသည် ဆင်းရဲမွဲတေမှု၊ အစိုးရဝန်ဆောင်မှုများ အားနည်းမှု၊ ကျယ်ပြန့်သည့် စီးပွားရေးပတ်ဝန်းကျင်ကို စိန်ခေါ်မှု၊ မတည်ငြိမ်မှု၊ မလုံခြုံမှုတို့နှင့် နီးကပ်စွာ ချိတ်ဆက်နေသည်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

တောင်သူများအတွက်မူ အဓိကအချက်မှာ ရိုးရှင်းသည့် စီးပွားရေးဖြစ်သည်။

 

ဘိန်းစိုက်သူများအတွက် ပျမ်းမျှဈေးနှုန်း ၂၇% တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၃၅၅ (တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁၆၁) အထိ တိုးလာသည့်အတွက် ဘိန်းကို သီးနှံနှင့် ကုန်စည်အဖြစ် ထုတ်လုပ်ရောင်းချရန် စွဲဆောင်နေပြီး ဝယ်လိုအားလည်း ကောင်းသည်ဟု UNODC က ဆိုသည်။

 

တောင်သူများက ယခင်နှစ်ထက် ၇၅% ဝင်ငွေပိုမို ရရှိလာသည်ဟု ကုလအေဂျင်စီက ဖော်ပြသည်။

 

အစဉ်အလာ စိုက်ပျိုးရာဒေသဖြစ်သော ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသများမှ လက်နက်ကိုင်ပဋိပက္ခများသည်ဒီလားရာအတိုင်း အရှိန်မြင့်နေမည်ဟု ယူဆရကြောင်း”Douglas က ပြောသည်။ အောက်တိုဘာလကုန်ပိုင်း ထိုးစစ်များကြောင့် ဝေးလံသည့်ဒေသများတွင် ပိုမို မတည်ငြိမ်မှု‌များ ဖြစ်လာသည်။

 

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသည် မြန်မာ၊ လာအို၊ ထိုင်းနယ်စပ်တို့ ထိစပ်ရာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် "ရွှေတြိဂံ” ၏ အစိတ်အပိုင်းဖြစ်သည်။ မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ထိန်းချုပ်နိုင်မှုအနည်းငယ်သာ ရှိ၍ နယ်စပ်ဒေသများတွင် ဥပဒေမဲ့ခြင်း၊ အချို့အဖွဲ့များမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် မိတ်ဖက်ဆောင်ရွက်မှုတို့ကြောင့် ၎င်းဒေသတွင် သမိုင်းနှင့်ချီ၍ ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှု ကျယ်ပြန့်အောင်မြင်ခဲ့သည်။

 

မကြာသေးသော ဆယ်စုနှစ်များတွင် ဒေသတွင်း ဘိန်းထုတ်လုပ်မှု လျော့ကျလာပြီး ဆေးပြားပုံစံ မက်သမ်ဖက်တမင်းနှင့် ခရစ်စတယ်မက်တို့ အစားထိုးဝင်ရောက်လာခဲ့သည်။ လုပ်သားလိုအပ်မှုမြင့်မားသည့် ဘိန်းစိုက်ပျိုးရေးထက် ကျယ်ပြန့်စွာ စက်မှုလုပ်ငန်းအဖြစ် ထုတ်လုပ်ရန် ပိုမိုလွယ်ကူခြင်းကြောင့် အာရှနှင့် ပစိဖိတ်တခွင်သို့ ကုန်းလမ်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ ဖြန့်ချိခဲ့ကြသည်။

 

ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု လျင်မြန်စွာ ကြီးထွားလာခြင်းသည်အဆင့်မြင့် ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှု ဆက်လက်ထုတ်လုပ်မှုကို မူးယစ်ဆေးဝါး ကုန်သွယ်ခြင်း၊ ငွေကြေးခဝါချခြင်း၊ လောင်းကစား ဝိုင်းနှင့် အလိမ်အညာလှုပ်ရှားမှုများအပါအဝင် အွန်လိုင်း ရာဇဝတ်မှု လုပ်ရှားမှုများနှင့် ပေါင်းစပ်မိစေပြီး တရားမဝင် စီးပွားရေးတိုးတက်စေရန် အားပေးနေကြောင်း”UNODC က အစီရင်ခံစာနှင့် တွဲဖက် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

အထူးသဖြင့် မြန်မာနယ်စပ်ဒေသများတွင် အွန်လိုင်းအလိမ်အညာလှုပ်ရှားမှုများသည် လူပေါင်း သောင်းချီ၍ ခန့်အပ်ထားကာ အများအပြားမှာ တရားဝင်အလုပ်ကိုင်ဟု ဖြားယောင်းခေါ်ယူခံထားရသူများဖြစ်ပြီး ကျွန်ပြု ခံရလုနီးပါး အခြေအနေဖြင့် အတင်းအကျပ်ခိုင်းစေခံထားရခြင်းဖြစ်သည်။

 

ရှမ်းပြည်နယ်မှ လတ်တလောတိုက်ပွဲများသည် အလိမ်အညာလှုပ်ရှားမှုများနှင့် အခြားသော တရားမဝင် လုပ်ငန်းများလုပ်ဆောင်နေသည့် ရာဇဝတ်မှုကွန်ရက်များကို အမြစ်ဖြတ်ရန် အားထုတ်မှုနှင့် ချိတ်ဆက်နေသည်။

 

ကိုးကား - AP

ပုံစာ - ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ရှမ်းပြည် ဘိန်းစိုက်ခင်းမှ တောင်သူတစ်ဦး။ (Photo: AP Photo/Gemunu Amarasinghe, File)

 

Burma Associated Press

အာဏာသိမ်းမှု
မြန်မာ
ဘိန်းဖြူ
ဘိန်း

Share With
bap-logo