bap-logo
Politics

တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG ကြား ဘုံသဘောထား ရှိနှင့်ပြီးဟု ကာကွယ်ရေးဝန်ကြီးပြော

36cc42qHGwzAptPpNwp4c-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၂။

 

တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG ကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိနှင့်ပြီးဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောလာသည်။

 

တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်များတွေ့ဆုံသည့် သတင်းထွက်ပေါ်လာပြီးတွင် ဦးရည်မွန်က ထိုသို့ ပြောလာခြင်းဖြစ်သည်။

 

အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများ ရှိပြီး ဖြစ်တယ်လို့ ဖြေချင်ပါတယ်ဟု ၎င်းက သူ၏ လူမှုကွန်ရက်မှ အသိပေး လာသည်။

 

ပြည်သူ့တော်လှန်ရေး () နှစ်ဝန်းကျင် ကာလအတွင်း EROs ခေါင်းဆောင် အားလုံးနီးပါးနှင့် လူကိုယ်တိုင်ရော အွန်လိုင်းကပါ အဆက်မပြတ် တွေ့ဆုံရာတွင် ခေါင်းဆောင်အားလုံးမှာပြည်ထောင်စုစိတ်ဓာတ်ရှိကြသည်ကို သတိပြုမိသည်ဟု ဝန်ကြီးကဆိုသည်။

 

ခွဲထွက်ဖို့ ပြည်ပသြဇာခံဖို့ ဘယ်သူမှ မစဥ်းစားကြဘဲ တိုင်းရင်းသားလူမျိုး စုတိုင်း ကိုယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်၊ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲပူးပေါင်းပြီး လွတ်လပ်တဲ့ ပြည်ထောင်စုသစ် ထူထောင်ဖို့ပဲ စိတ်ဆန္ဒ ရှိကြတယ်ဆိုတာ တွေ့ရတယ်ဟုဆိုသည်။

 

အဆိုပါ ပြည်ထောင်စုသစ် ထူထောင်နိုင်ရန် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်မှ ရမည်ကိုလည်း အားလုံး သဘော ကိုက်ညီကြသည်ဟု ဆိုသည်။

 

လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ။ တော်လှန်ရေး အောင်တဲ့အခါ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ် တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ် သတ်မှတ်ရေးကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

 

အဆိုပါကိစ္စများအတွက် ဆောင်ရွက်ရာတွင် အင်အားအသုံးမပြုကြဘဲ စားပွဲဝိုင်းမှာပင် ကျေလည်အောင် ပြောကြမည်ကိုလည်း အားလုံး သံန္နိဌာန် ချပြီး ဖြစ်သည်ဟု အသိပေးထားသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးအမှတ် ၁၀၂၇ ဆောင်ရွက်ပြီး တစ်လခွဲနီးပါးအကြာတွင် စစ်ကောင်စီ က တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်လာခြင်းဖြစ်သည်။

 

ပုံစာ - ဦးရည်မွန်၏ လူမှုကွန်ရက်

 

Burma Associated Press

ဦးရည်မွန်
NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
နွေဦးတော်လှန်ရေး

Share With
bap-logo