Politics
ဝန်ကြီးတစ်ဦးအပါအဝင် လေးဦးနှင့် မြန်မာသို့ လက်နက်တင်သွင်းသူများကို EU အရေးယူ
လွန်ခဲ့သော တစ်နှစ် က
မြန်မာစစ်တပ်က ခန့်အပ်ထားသော လူပုဂ္ဂိုလ်လေးဦး၊ ၎င်းတို့၏ စစ်တပ်နှင့် စစ်တပ်သုံးကိရိယာများ တင်သွင်းသည့် ကုမ္ပဏီနှစ်ခုတို့ကို ပိတ်ဆို့အရေးယူမှုစာရင်းသို့ တနင်္လာနေ့တွင် ဥရောပသမဂ္ဂက ထည့်သွင်း လိုက်သည်။
ဝန်ကြီးတစ်ဦး၊ နစက ကောင်စီအဖွဲ့ဝင်နှစ်ဦး၊ ကယားပြည်နယ်တွင် အရပ်သားများကို လေကြောင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိသူ တပ်မှူးတစ်ဦးတို့ ပါဝင်သည်။
လက်နက်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုသော အခြားကိရိယာများ တင်သွင်းသည့် Star Sapphire ကုမ္ပဏီအုပ်စုနှင့် Royal Shune Lei ကုမ္ပဏီလီမိတက်တို့ကိုကိုလည်း ကန့်သတ်အရေးယူလိုက်သည်။
အရေးယူမှုစာရင်းတွင် ပါဝင်သူတို့၏ ငွေကြေးများကို ထိန်းချုပ်ကန့်သတ်လိုက်ပြီး ဥရောပနိုင်ငံများသို့ ခရီးသွားခွင့် ပိတ်ပင်လိုက်သည်။
ကိုးကား - Reuters
ပုံစာ - မတ်လ ၂၇ ရက် ၂၀၂၁ ခုနှစ် နေပြည်တော် တပ်မတော်နေ့ချီတက်မှုမှ စစ်အာဏာရှင် မင်းအောင်လှိုင်။ (Photo: REUTERS/Stringer/File Photo)
Related Articles
- ‘အာသံသည် မည်သည့်အခါကမျှ မြန်မာ့ပိုင်နက် အစိတ်အပိုင်းမဟုတ်’ ဟု အာသံဝန်ကြီးချုပ်ပြော
- နယ်စပ်မတည်ငြိမ်မှုများ တိုးမြင့်လာနေစဉ် ထိုင်း-မြန်မာ အကူအညီပေးရေးတပ်ဖွဲ့ ဖွဲ့စည်းမည်
- တရုတ်အကူအညီဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်တွေ့ဆုံခဲ့ဟု စစ်အာဏာရှင်ပြောခွင့်ရသူ ပြော
- မြန်မာဆက်သွယ်ရေးအလိမ်အညာဂိုဏ်းများမှ ခေါင်းဆောင် ၁၀ ဦးကို တရုတ်ဝရမ်းထုတ်
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က