bap-logo
Politics

ဖမ်းမိ စစ်လေယာဥ်မှူးကို စစ်ရာဇဝတ်သားဟု MOD သုံးနှုန်း

CMYTb1icvZQlNIWtoXNo1-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂၀

 

အပြစ်မဲ့ ပြည်သူလူထုအား ဗုံးကြဲ သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး () ဦးအား နိုဝင်ဘာလ (၁၉) ရက်၊ နေ့လယ် () နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

 

တော်လှန်ရေးကာလတစ်လျှောက် စစ်ကောင်စီဘက်မှ ဖမ်းမိသည့် သုံ့ပန်းများစွာရှိခဲ့ပြီး ယခု လေယာဉ်မှူးကို စစ်ရာဇဝတ်သားဟု MOD က အတိအလင်း သုံးစွဲလာခြင်းဖြစ်သည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည့် K-8 အမျိုးအစား စစ်လေယာဥ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဥ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။

 

Burma Associated Press

 

စစ်တပ်
လေယာဉ်မှူး
ကာကွယ်ရေးဝန်ကြီးဌာန
ဂျက်ဖိုက်တာလေယာဉ်

Share With
bap-logo