bap-logo
Politics

ပျက်ကျ တိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ရှာတွေ့ပြီ

7PwO9mdx8JAgaxbPbK7Xc-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂၀။

 

သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့်မရောပိုလီရွာကြား တောင်ယာတဲ အနီး တွင် ပျက်ကျခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်မှ ခုန်ထွက်ခဲ့သည့် လေယာဉ်မှူး တစ်ဦးကို ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

 

အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို လေယာဉ်ပျက်ကျအပြီး ရက်အကြာတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

 

ကရင်နီတွင် ပြီးခဲသည့် နိုဝင်ဘာလ ၁၁ ရက်က ပစ်ချခံလိုက်ရသည့် လေယာဉ်သည် K 8 အမျိုးစားတိုက်လေယာဉ်ဖြစ်သည်။ဒီလေယာဉ်က၂၀၁၂ KIA ၂၀၁၅ မုံးကိုး၊ ၂၀၁၈ ရခိုင် နဲ့ ၂၀၂၁ ကရင်နီ ဒေသနဲ့လေးကေ့ကော် ဒေသတွေ မှာ တိုက်ခိုက်ရေး ဆောင်ရွက်ခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်ဟု CDM လေသူရဲ ဗိုလ်ကြီးဇေသူအောင်က ပြောထားသည်။

 

အဆိုပါ တိုက်လေယာဉ်ကို နိုဝင်ဘာ ၁၁ ရက်က KA KNDF KNPLF DMO PDF Loikaw PDF မိုးဗြဲ PDF ဖယ်ခုံ PDF မြို့ပြပျောက်ကျားတပ်နဲ့ ရှမ်းတောင် PDF တို့ ပူးပေါင်းပါဝင်သည့် ၁၁၁၁ စစ်ဆင်ရေး စတင် သည့်နေ့တွင် ပူးပေါင်းတပ်များက ပွိုင့်ဖိုက်သေနတ်များဖြင့် ပစ်ချခဲ့ခြင်း ဖြစ်သည်။

 

စစ်ကောင်စီဘက်ကမူ အဆိုပါလေယာဉ်ပျက်ကျမှုသည့် စက်ချွတ်ယွင်းမှုကြောင့်ဟု အကြောင်းပြထားပြီး လေယာဉ်မှူးနှင့် အဆက်အသွယ်ရထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

 

ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA) နေပြည်တော် PDF နှင့် KNDF တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကရင်နီ တော်လှန်ရေးအဖွဲ့များထံ အပ်နှံထားသည်ဟု သိရသည်။

 

ဓာတ်ပုံ -နေပြည်တော် PDF

 

Burma Associated Press

စစ်ကောင်စီ
ကယား(ကရင်နီ)
ဂျက်ဖိုက်တာလေယာဉ်
နေပြည်တော်
လေယာဉ်မှူး

Share With
bap-logo