bap-logo
Politics

တောင်ကြီးမီးပျံပွဲ ဆုကို မဲပေးစနစ်နဲ့ လူစိတ်ဝင်စားအောင် စစ်ကောင်စီ ကြိုးပမ်းနေ

cj9nQMNOmXbAk7-EYNxR1-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂၀။

 

စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင်ပွဲ မဖြစ်ဖြစ်အောင် စီစဥ်နေပြီး လူစိတ်ဝင်စားမူရှိအောင် ပွဲမှာ လွှတ်တင်မယ့် ပြိုင်ပွဲဝင်မီးပုံးပျံတွေကို မဲပေးစနစ်နဲ့ ဆုပေးရွေးချယ်သွားမယ်ဆိုပြီး ပွဲမစခင် နှစ်ရက်အလိုမှာ ထုတ်ပြန်ကြေညာလာပါတယ်။

 

" တောင်ကြီးမှာ နေလာတာ နှစ် ၅၀ ကျော် သက်တမ်းတလျှောက် ခုမှပဲကြားဖူး တယ် မြို့ခံတွေက ပွဲကို စိတ်ဝင်စားမှု နည်းတယ်၊ ရပ်ဝေးဧည့်သည်တွေတော့ ရောက်လာကြတာ အများကြီးပဲ၊ ခုလည်း မဲစနစ်နဲ့ ရွေးမယ် ဆိုတော့ ရယ်စရာကို ဖြစ်နေပြီ"လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

 

မီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ပြိုင်ပွဲဝင်တွေရဲ့ မီးပုံးတွေကို MPTဖုန်းနဲ့ SMS ပေးပို့ရမယ်လို့ အသိပေးထားပြီး မီးပုံးပျံကြည့်ရှုမယ့် ပရိတ်သတ် ဆီကနေ အခကြေးငွေ မကောက်ခံဘူး ဆိုပြီး ကျင်းပရေး ကော်မတီက ဆိုပါတယ်။

 

ပြိုင်ပွဲဝင်မယ့် မီးပုံးပျံအဖွဲ့များအားလုံးကို Voting System နဲ့ ပထမ၊ ဒုတိယ၊ တတိယ ဆုများအဖြစ် ရွေးချယ်သွားမယ်လို့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာ ၁၉ ရက်က ကြေညာထားတာပါ။

 

"မဲစနစ်နဲ့က ၅၀ ရာခိုင်နှုန်း၊ မီးပုံးပျံပညာရှင် ၅၀ ရာခိုင်နှုန်း မီးလောင်ပျက်စီးတဲ့ မီးပုံးပျံကို မဲပေးရန် မလိုပါဘူး၊ ပွဲကကြေညာထားတဲ့အတိုင်း ကျင်းပမှာပါ၊ ပွဲစည်မစည်ကတော့ ကျင်းပတဲ့ရက်မှ စောင့်ကြည့်ရမှာပဲ"လို့ မီးပုံးပျံ ပွဲတော်ကျင်းပရေးအဖွဲ့ထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။

 

လွှတ်တင်မယ့် မီးပုံးပျံစာရင်း ကြေညာထားရာမှာ လူတစ်ဦး၊ အသင်းအဖွဲ့ နာမည်တစ်ခုတည်း ကြိမ်လောက် ပါဝင်နေတာ၊ နာမည်ကြီးအဖွဲ့တွေ မပါဝင်တာကြောင့် ဒေသခံတွေ စိတ်ဝင်စားမှု မရှိကြဘူးလို့ တောင်ကြီး ဒေသခံတွေက ပြောကြပါတယ်။

 

ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လွိုင်ကော်မြို့ကနေ တောင်ကြီးမြို့ကို စစ်ရှောင် လာသူ နေ့စဥ် ရာဂဏန်းထိ ရှိနေပြီး တောင်ကြီးမြို့ အပါဝင် ရွှေညောင်၊ ညောင်ရွှေနဲ့ အခြားမြို့နယ်တွေကို ရှောင်ပြေး နေကြရပါတယ်။

 

"ဘေးအိမ်က နာရေးဖြစ်လို့ ကိုယ့်အိမ်မှာ ခဏလာတည်းနေတာကို အိုးစည် ဗုံမောင်းနဲ့ ပျော်ပြနေတာ မဖြစ်သင့် ဘူးလေ၊ သူတို့က မရရအောင် ပွဲလုပ်မှာ ကျမတို့ကတော့ မသွားဘူး၊ ပွဲလာမယ့် ဧည့်သည်လည်း လက်မခံဘူးလို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

 

မီးပုံးပျံပွဲကျင်းပတော့မှာဖြစ်လို့ လုံခြုံရေးတွေ နေရာအနှံ့ချထားပြီး စစ်ရှောင်တွေနဲ့အတူ PDFတွေ ရောပါ လာမှာကို စိုးရိမ်ပြီး စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ပေးမဖြတ်တာကြောင့် လှည့်ပြန်ခဲ့ကြ ရတာတွေ ရှိခဲ့ပါတယ်။

 

တန်ဆောင်တိုင်ပွဲတော်ကို အခုနှစ် နိုဝင်ဘာ ၂၁ ကနေ ၂၇ ရက်အထိ အဝေရာ မီးပုံးပျံကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲအပါအဝင် ညလွှတ်မီး၊ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံတွေ လွှတ်တင် သွားမယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံအတွက် မူရင်းပိုင်ရှင်ကို credit ပေးပါသည်။)

 

Burma Associated Press

တောင်ကြီးမီးပုံးပျံပွဲ
စစ်ကောင်စီ

Share With
bap-logo