bap-logo
Politics

ဘဏ်ကနေ ကျပ်သိန်းတစ်ထောင်အထက် ထုတ်သူတွေကို စစ်ကောင်စီ ဗဟိုဘဏ်၊ စသုံးလုံး၊ FIU က စောင့်ကြည့်နေ

JjZimAEseXlgmdREMcpeZ-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂၀။

 

ဘဏ်တွေကနေ ငွေကြေး သိန်း ,၀၀၀ နဲ့အထက် ထုတ်ယူနေသူတွေရဲ့ စာရင်းအချက်အလက်တွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (FIU)ထံ ပေးပို့ပြီး အနီးကပ်စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

 

"အနီးကပ်စောင့်ကြည့်တာတွေ ဖြစ်တဲ့အတွက် စျေးကစားမှုထဲမှာပါရင် ထိထိရောက်အရေးယူမယ်"လို့ စစ် ကောင်စီ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တစ်ဦး ဖြစ်တဲ့ ဒေါက်တာလင်းအောင်က ပြောပါတယ်။

 

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဒေါက်တာလင်းအောင်က စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ အလင်း သတင်းစာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုထား တာပါ။

 

" စောင့်ကြည့်နေတယ်ဆိုတော့ ကျွန်မတို့က တိုက်ခန်းရောင်းပြီး၊ ဘဏ်ထဲ ထည့်ထားတာ ပြန်ဝယ်မယ့် မြေနေရာ အတွက်က စရံပေးထားပြီးသား၊ ဒီလ ၂၅ ရက် အပြီးသတ် စာချုပ်ချုပ်ရမှာဆိုတော့ သူတို့က စောင့်ကြည့် တယ်ဆိုတော့ ထုတ်ရမယ့်သူတောင် ခပ်လန့်လန့်ပဲ၊ လိုလို့ကိုထုတ်ရမှာ"လို့ ရန်ကုန်မြို့ နေသူတစ်ဦးက ပြောပါတယ်။

 

ပြည်သူတွေဟာ ဘဏ်တွေကနေ ငွေတွေ စုပြုံတိုးထုတ်ကာ လိုတာထက် လက်ဝယ်ထားရှိတာဟာ လုယက်ဓါးပြ တိုက်မှုတွေကို ခံရနိုင်တဲ့ အခြေအနေ မျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ခြိမ်းခြောက်တဲ့ပုံစံနဲ့ အသိပေး ထားပါတယ်။

 

" မြိတ်မြို့က ရိုးမဘဏ်မှာ စပယ်ရှယ်အကောင့်ကနေ သွားထုတ်တာ ၁၅ သိန်းပဲ၊ထုတ်ပေးတယ်၊ အချို့ဘဏ် တွေက ၁၀ သိန်းပဲ ထုတ်ပေးတာရှိတယ်၊ စပယ်ရှယ်အကောင့်ဆိုတာ အပ်ထားတာရှိတဲ့ငွေ စိတ်ကြိုက် ထုတ်လို့ရတယ် ဆိုလို့ ထည့်ထားတာ"လို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဗဟိုဘဏ်က ဘဏ်အပ်ငွေတွေကို အာမခံတဲ့အကြောင်းနဲ့ ကောလဟာလတွေကို မယုံဖို့ ပြောဆိုထားပေမယ့် ရန်ကုန်မြို့က ဘဏ်တွေမှာ ငွေထုတ်ယူမှုတွေ များနေပြီး အကန့်အသတ်နဲ့ထုတ်နေရတယ်လို့ ဘဏ်ငွေ သွားထုတ်သူတွေက ပြောပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီလကနေ ကြုံတွေ့နေရတဲ့ ဘဏ်ငွေထုတ်ယူမှုမျိုး ဒုတိယမြောက်အခြေအနေနဲ့ ရင်ဆိုင်နေရ တယ်လို့ ဆိုပြီး ပထမအကြိမ် တုန်းကလို ရာခိုင်နှုန်းတွေပေးပြီးထုတ်ယူရမှာကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။

 

ပုံစာ - ရန်ကုန်မြို့ ATM တစ်ခုတွင် ငွေထုတ်ရန် တန်းစီနေကြသူများ

 

Burma Associated Press

မြန်မာ
အရပ်သား
ဗဟိုဘဏ်

Share With
bap-logo