bap-logo
Politics

ကန်ပက်လက်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ခု ကြားဖြတ်တိုက်ခံရ

AgDgQG1iAGUCDFAN4CG0_-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၆။

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ခုကို ဇူလိုင် ၂၄ ရက်က CNA/CDF/PDF မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်() စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း()နှင့်CDF ကန်ပက်လက် ခေါနု တပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်များက အဆိုပါ စစ်ကြောင်း နှစ်ခုကို စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

 

မောချောင်းနှင့် လှိုင်ဒုတ်ကြားရှိ အင်အား ၁၀၀ ခန့်ပါသည့် ပါသည့် စစ်ကြောင်းကို မဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဒါ့အပြင် တစ်ရက်တည်းတွင်ပင် လဲပုံးလမ်းခွဲ အနီးရှိ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

 

မကွေးတိုင်းအနောက်ခြမ်းဒေသနှင့် ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် စစ်ကောင်စီက တပ်အင်အား အများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်နေသော်လည်း မဟာမိတ်တပ်များက ပူးပေါင်းရင်ဆိုင်တိုက်ခိုက်လျက်ရှိသည်ဟု MODက အသိပေးသည်။

 

Burma Associated Press

ကာကွယ်ရေးဝန်ကြီးဌာန
ချင်းကာကွယ်ရေးတပ်ဖွဲ့
ပီဒီအက်ဖ်
စစ်တပ်

Share With
bap-logo