bap-logo
Politics

ကော့ကရိတ်တောင်ပိုင်း ကျေးရွာများရှိ ကလေးများတွင် ရာသီတုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေ

3M6WieIvNCverMPhJtAsL-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၅။

ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ နယ်မြေ၊ ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများတွင် ကလေးများ ရာသီတုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေသည်ဟု ဒေသခံများက BAP သို့ပြောသည်။

 

အဆိုပါ ရာသီတုပ်ကွေးကြောင့် ကော်သူးလေကျောင်းအချို့ ရက်သတ္တပတ်နီးပါး ပိတ်ထားရသည်ဟုလည်း ဆရာမများက ပြောသည်။

 

ကျမအတန်းမှာက ကျောင်းသား ငါးဆယ်ကျော် ရှိတာ၊ ဟိုတလောတုန်းက တုပ်ကွေးဖြစ်လို့ဆိုပြီး ကျောင်းသား သုံးဆယ်ကျော်လောက် ကျောင်းပျက်တာ၊ လာတက်တဲ့ ကျောင်းသားတွေဆိုရင်လည်း နေမကောင်းဖြစ်ချင် နေတဲ့ ပုံစံနဲ့ဟု ကော်သူးလေ ဆရာမ တစ်ဦးက ပြောသည်။

 

သက်ကြီးပိုင်းများတွင်လည်း ရာသီတုပ်ကွေး ဖြစ်ပွားမှု ရှိနေပြီး ဆေးခန်းသို့ လာပြသည့် ရာသီတုပ်ကွေး လူနာ များမှာ အများအားဖြင့် ကျောင်းနေအရွယ် ကလေးများ ဖြစ်သည်ဟု နီးစပ်သည့် ကျန်းမာရေး အသိုင်းဝိုင်းထံမှ သိရသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် နှစ်နှစ်ကျော်ကြာ တိမ်းရှောင်နေရသည့် ကော့နွဲ ကျေးရွာအုပ်စု စစ်ဘေးရှောင်များတွင်လည်း တုပ်ကွေးဖြစ်ပွားမှု များပြားနေပြီး ဆေးဝါးလုံလောက်မှု မရှိကြောင်း ကျေးရွာ အုပ်စုမှူးက BAP သို့ပြောသည်။

 

စစ်ဘေးရှောင်ထဲမှာ တုပ်ကွေးဖြစ်တဲ့လူ များတယ်လို့ ပြောလို့ရတယ်၊ သက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရောပဲ၊ ဆေးခန်းမှာလည်း ဆေးဝါးတွေက လုံလောက်မှုမရှိဘူး၎င်းက ပြောသည်။

 

ကော့ကရိတ်တောင်ပိုင်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေအတွင်း တည်ရှိပြီး ကျေးရွာအုပ်စု ၁၂ ခုထက်မနည်း တည်ရှိသည်။

 

ပုံစာ- ကော့ကရိတ်တောင်ပိုင်းရှိ ကော်သူးလေစာသင်ကျောင်းမှ ကျောင်းသားများ။

 

 Burma Associated Press

ကေအဲန်ယူ
ကော့ကရိတ်
ကလေးငယ်များ

Share With
bap-logo