bap-logo
Politics

ရန်ကုန်မြို့မှာ စက်သုံးဆီရဖို့ ညအိပ်တန်းစီရတဲ့အထိအခြေအနေဆိုးနေ

A61jum0A2dMDsUUbOtigu-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၇။

 

ရန်ကုန်မြို့မှာ စက်သုံးဆီရဖို့ ညအိပ်တန်းစီရတဲ့အထိအခြေအနေဆိုးနေပြီး မှောင်ခိုစျေးကွက်မှာ ဓာတ်ဆီ တစ်လီတာကို ,၀၀၀ ကျပ်ကျော် အထိပေးဝယ်နေကြရပါတယ်။

 

စက်သုံးဆီရဖို့ မနက် နာရီကတည်းက ဆီဆိုင်ကြီးတွေမှာ ပေးနိုင်မယ်လို့ ယူဆရတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာ ကားအစီးရေ ၂၀၀ ကျော် တန်းစီနေကြရပါတယ်။

 

"ဆီရှားပါး၊ ဝယ်ရခက်မှန်းသိသိကြီးနဲ့ တစ်လီတာကို ထောင်ကျပ်လောက် ပြန်ရောင်းနေတာတွေက ရုပ်ပေါက်လွန်းပါတယ်၊ အမြတ်မယူပါနဲ့လို့လည်း မပြောဘူး၊ ဈေးမှန် အမြတ်မှန်ရောင်းတဲ့လူကို မပြောပါ လိပ်ပြာလုံကြပါစေ။"လို့ တောင်ဒဂုံမြို့နေသူတစ်ဦးက ပြောပါတယ်။

 

ဆီဆိုင်တွေရှေ့မှာ တန်းစီထားတဲ့ကားက ကိုယ်ထည့်မဲ့အလှည့်ရောက်ရင် စက်သုံးဆီကုန်သွားတာနဲ့ ကြုံရလို့ ရပ်ကွက်အတွင်းက ဆီဆိုင်အချို့မှာ ဆီတစ်လီတာကို ထောင်ထိ ပေးဝယ်နေကြရတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတွေက ပြောပါတယ်။

 

ဒီဇင်ဘာ ရက်မှာ တစ်နိုင်ငံလုံးက စက်သုံးဆီ အရောင်းဆိုင် သုံးသောင်းကျော်မှာ ဆီသယ်ယာဉ် ,၇၂၉ စီးနဲ့ 92 ဂါလန် သိန်း သောင်းကျော်၊ 95 ဂါလန် သိန်း သောင်းကျော်၊ ဒီဇယ်ဂါလန် သိန်း သောင်းကျော်၊ ပရီမီယံ ဒီဇယ်ဆီ သိန်း သောင်းကျော် ဖြန့်ဖြူးပေးပြီး ဆီတင်သင်္ဘောများလည်း ရန်ကုန်ပင်လယ်၀ ရောက်ရှိနေကြောင်း စစ်ကောင်စီက ပြောဆိုထုတ်ပြန်ထားပါတယ်။

 

ဒီလိုပြောဆိုနေပေမယ့်လည်း ဒီဇင်ဘာ ရက် မနက်ကနေ ၁၁ နာရီထိ ဆီဆိုင်တွေမှာ တန်းစီသူ များပြားနေပြီး ဆီဆိုင်ကြီးအချို့ ဆီပြတ်လပ်လို့ရောင်းရင်းပိတ်သွားတာ၊ အချို့ဆိုင်တွေ မနက်ကတည်းက ပိတ်ထားတယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောပါတယ်။

 

"မနေ့ညက တန်းစီနေရင်း ကိုယ့်အလှည့် မရောက်ခင် စီး အလိုမှာ ဆီကုန်သွားတယ်တဲ့၊ နာရီ ဆီတန်းစီထားရတာ ဆီပြတ်သွားလို့ မနက် နာရီမှ ပြန်လာခဲ့ပါတဲ့၊ ထည့်လာတဲ့ ဆီလက်ကျန်က ကားတန်း စီတာနဲ့ ကုန်တော့မယ်၊ အိမ်ပြန်ဖို့ ဆီကို ရပ်ကွက်ထဲက ဆိုင်တစ်ခုမှာ တစ်လီတာကို ထောင်ပေးဝယ်ခဲ့ ရတယ်"လို့ ရန်ကုန်မြို့ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ဒီဇင်ဘာ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာတော့ ပြည်သူများအနေနဲ့ ဆီကို လိုအပ်တာထက် ပိုမို ဝယ်ယူခြင်းများ မပြုလုပ်ကြရန်နဲ့ လတ်တလော စက်သုံးဆီ ပြတ်လပ်မှု မရှိကြောင်းအသိပေးထားပါတယ်။

 

ဒီဇင်ဘာ ရက်နေ့မနက်အထိ ဆီတန်းစီသူတွေ ရာနဲ့ချီ ရှိနေပြီး၊ အခြေခံလူတန်းစားတွေ နေတဲ့ရပ်ကွက် အချို့မှာတော့ မနက်ဆီဆိုင်က ဆီပေးရင်ရဖို့ ကားတွေကို ညစောင့်ခပေးပြိး ညအိပ်ရပ်ထားရတယ်လို့ စက်သုံးဆီတန်းစီသူတွေက ပြောပါတယ်။

 

" ကားတစ်စီး ၅၀၀ ပေးရတယ်၊ ညစောင့်ပေးတယ်၊ မနက် နာရီရဖို့ ကားထားခဲ့လ်ို့ရတယ်၊မြောက်ဒဂုံ ၄၄ ထိပ်က ဆီဆိုင်မှာ အစီး ၂၀ တစ်ယောက်နှုန်းနဲ့ ညစောင့်ခေါ်လ်ို့ရတယ်"လို့ မြောက်ဒဂုံနေသူတစ်ဦးက ပြောပါတယ်။

 

စက်သုံးဆီပြတ်သွားလို့ ဘေးတွဲဆိုင်ကယ်တွေလည်း ပုံမှန်မထွက်နိုင်ပဲ နာရီဝန်းကျင်ထိ တန်းစီ နေကြရတယ်လို့ သိရပါတယ်။

 

"ဆီတန်းစီနေရလို့ ဂိတ်တွေမှာ ဘေးတွဲမရှိလို့ ဆိုက်ကားတွေ ပြန်စီးလာကြပြီ၊ တန်းမစီဘဲ မှောင်ခိုဝယ်ရင် ဆွဲရတာ မကိုက်တော့ ဘေးတွဲသမားတွေဆီပေးတဲ့ဆိုင်လိုက်ရှာရင်း ဆီကုန်ကြတယ် "လို့ သာကေတ မြို့နေသူတစ်ဦးက ပြောပါတယ်။

 

Burma Associated Press

ရန်ကုန်
ဓာတ်ဆီ
လောင်စာဆီ

Share With
bap-logo