bap-logo
Politics

ရှမ်းပြည်တောင်ပိုင်းမှာလည်း စက်သုံးဆီပြတ်လပ်လို့ ဆီဆိုင်တွေ ပိတ်ထားရ

WgnKb2PZ8-QpAiSl6wynz-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၇။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်အများစုက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်တဲ့အတွက် ပိတ်ထားရ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့မှာဆိုရင် စက်သုံးဆီဆိုင်ကြီးတွေ ပိတ်ထားတာ ရက်လောက်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

 

"ဆိုင်ကြီးတွေက ပိတ်ထားတာကြာပြီ၊ ရက်လောက်ရှိပြီ၊ ဆီမရှိလို့ မဖွင့်ကြတာ၊ ရပ်ကွက်ဆိုင် အသေးလေး တွေကလည်း ရောင်းကြတယ်၊ အများကြီးမရောင်းဘူး၊ လိုင်းကားတွေကတော့ တောင်ကြီးမှာ ဖြည့်ခဲ့ကြတယ်" လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

တောင်ကြီးမြို့၊ အောင်ပန်းမြို့တွေမှာလည်း စက်သုံးဆီဆိုင်ကြီးတွေ ပိတ်ထားရလို့ ဆိုင်အသေးလေးတွေမှာ အနည်းငယ်သာဝယ်ယူလို့ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

"အရင်က နောင်မွန်မြို့က သဲကားတို့ခေါက်တိုကားတွေ တောင်ကြီးမြို့ကနေ စက်သုံးဆီပုံးတွေနဲ့ မှာကြတယ်၊ ခုပုံးနဲ့လည်း ဝယ်မရဘူး ဆိုင်ကြီးတွေက ပိတ်ထားတာမရောင်းဘူး၊ ရောင်းတဲ့ဆိုင်တွေကလည်း ပုံးနဲ့ ဝယ်မရတော့"လို့ တောင်ကြီးဒေသခံတဦးက ပြောပါတယ်။

 

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက စက်သုံးဆီ ရရှိရေး ဆီဆိုင်တိုင်းမှာတန်းစီနေရသလို ဆိုင်အချို့ပိတ်ထားရတာဖြစ်ပါတယ်။

 

ဒီဇင်ဘာလ ရက်နေ့မှစတင်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းနေတဲ့ သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက ဒေါ်လာ မရှိတော့လို့ စျေးကွက်ပေါက်စျေးထက် နိမ့်တဲ့ရောင်းချပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာထား ပါတယ်။

 

ဒီဇင်ဘာလ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးက စက်သုံးဆီ လာရောက်ထုတ်ယူကြတဲ့ ဆီဘောက်ဆာကားများ သီလဝါမှာ တန်းစီပြီး စောင့်ဆိုင်းနေကြ ရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အများသုံးနေတဲ့ စက်သုံးဆီတွေ ပြည်တွင်းမှာ အလုံလောက်ရှိတယ်ဆိုပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ- ပုံဟောင်း။

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
လောင်စာဆီ
ဓာတ်ဆီ
ဆီဆိုင်မြို့

Share With
bap-logo