bap-logo
Politics

စစ်ပြေးများကိုပင် ပြန်လက်ခံတော့မည် စစ်ကောင်စီ

hglHNg4W51fRf505giVF_-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၃။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF များကို တိုက်ခိုက်ချေမှုန်းရန်အတွက်ဟု ဆိုကာ စစ်တပ်မှထွက်ပြေးသည့် ခွင့်မဲ့/စစ်ပြေးများကိုပင် စစ်ကောင်စီက ပြန်လည်လက်ခံတော့မည်ဖြစ်သည်။

 

နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန် ထမ်းဆောင်လိုသည်ဟု အဆိုပါ ခွင့်မဲ့/စစ်ပြေးများက ၎င်းတို့ထံ ဆက်သွယ်လာသည်ဟုဆိုသည်။

 

ထို့ကြောင့် စစ်ကောင်စီက သတ်မှတ်ကာလနှင့်အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာ တပ်များတွင် ပြန်လည်လက်ခံမည်ဟု ဆိုသည်။

 

စစ်မှုထမ်းဆောင်ရန်ဆန္ဒပြုသည့် သာမန်ပြစ်မှုကျူးလွန်ထားသည့် စစ်သားများကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးမည်ဟုဆိုလာသည်။

 

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ခိုလှုံလာသည့် CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကို ကူညီပေးထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင် အထည်ဖော်မှုကော်မတီက ထုတ်ပြန်သည်။

 

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီဒေသတို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာနှင့်ချီကာ လက်နက် ချခဲ့သည်။

 

ပုံစာ- ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် စစ်သားများ (ပုံဟောင်း)

 

Burma Associated Press 

စစ်ကောင်စီ
စစ်တပ်
အာဏာသိမ်းမှု
ပြည်သူ့ကာကွယ်ရေးတပ်မတော်

Share With
bap-logo