bap-logo
Politics

မြန်မာ-တရုတ်နယ်စပ်တွင် မြေရှားသတ္တု တိုးချဲ့တူးဖော်ခဲ့ဟု အမေရိကန်လေ့လာမှုတစ်ရပ်ကဖော်ပြ

UCUJVmFiZq-CisrJv1hlx-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နိုင်ငံသည် မြေရှားသတ္တု ပေါကြွယ်ဝပြီး ကမ္ဘာ့မြေရှားသတ္တုတူးဖော်ရေးနှင့် ထုတ်လုပ်မှုတွင် ၁၉၉၀ ခုနှစ်များဆီကပင် လွှမ်းမိုးထားခဲ့သည်။

 

အိမ်နီးချင်း မြန်မာနိုင်ငံသည်လည်း မြေရှားသတ္တုပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်ဗဟိုအစိုးရက သတ္တုတူးဖော်ရေးမှ သန့်စင်ရေးဆီသို့ ပိုမိုအာရုံစိုက်သည့် ဗျူဟာပြောင်းရွှေ့ အကောင်အထည်ဖော်ခဲ့ပြီး အဓိက ထုတ်ယူမှုများကို အခြားကမ္ဘာ့ဒေသများမှ အဓိက တိုးမြှင့် ရယူခဲ့သည်။

 

၎င်းပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံတွင် သတ္တုထုတ်ယူမှု လျှော့ချထားစဉ် မြန်မာနိုင်ငံနှင့် အခြားကမ္ဘာ့ဒေသများတွင် ထုတ်ယူမှု တိုးမြင့်လာသည်ဟု ယူဆထားကြသည်။ သို့ရာတွင် Delaware တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ခုတွင် မြန်မာနှင့် တရုတ်နယ်စပ်ဒေသများ၌ အခြေအနေ ပိုမိုရှုပ်ထွေးသည်ဟု ပြသနေသည်။

 

Remote Sensing ဂျာနယ်တွင် ဖော်ပြခဲ့သော အခမဲ့ လွတ်လပ်စွာ ကြည့်ရှုနိုင်သည့် လေ့လာမှုကို ပြုလုပ်ရာတွင် အဝေးအာရုံခံနည်းလမ်းများ အသုံးပြု၍ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Nujiang စီရင်စုအကြား နယ်စပ်နှစ်ဘက်လုံးတွင် ၂၀၀၅ ခုနှစ် မှ ၂၀၂၀ ခုနှစ်အကြား တွင်းထွက်တူးဖော်မှု မြေမျက်နှာပြင် ခြေရာလက်ရာထင်ကျန်နေခြင်းအပြောင်းအလဲ ကို ကြည့်ရှုခဲ့သည်။

 

ကျွန်ုပ်တို့၏ လေ့လာမှုကို Google Earth Engine (GEE) အသုံးပြု၍ ၂၀၀၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အကြား မြန်မာ-တရုတ် နယ်စပ်နှစ်ဘက်လုံးရှိ မြေရှားသတ္တုတွင်း နှစ်ခု၏ မြေမျက်နှာပြင် ပြောင်းလဲမှု ခြေရာလက်ရာများကို ဖော်ထုတ်ခဲ့သည်။

 

လေ့လာမှုတွင် "ကျွန်ုပ်တို့ ရရှိသည့် ရလဒ်မှာ လေ့လာမှုကာလအတွင်း တရုတ်ဘက်ခြမ်းတွင် သတ္တုတူးဖော်မှု ၁၃၀% တိုးမြင့်လာခဲ့ပြီး မြန်မာဘက်ခြမ်းတွင် ၃၂၇% တိုးမြင့်လာခဲ့သည်ကို တွေ့ရသည်။

 

၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား မြေမျက်နှာပြင် ထင်ဟပ်မှု ပုံရိပ်များကို Landsat 5 TM ဂြိုဟ်တု ပုံရိပ်စနစ်မှလည်းကောင်း၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အကြား ပုံရိပ်များကို Landsat 8 OLI ဂြိုဟ်တု ပုံရိပ်စနစ်မှလည်းကောင် ရယူခဲ့သည်။ သဘာဝပေါက်ပင်များအပါအဝင် သတ္တုတွင်း မဟုတ်သည့် ဖုန်းအုပ်မှုများ စဉ်ဆက်မပြတ် လျော့နည်းလာသည်ကို တွေ့ရှိရသည်။ သတ္တုမိုင်း နှစ်ခုလုံးမှာ တိုင်းရင်းသားလူနည်းစုများ၊ သက်မွေးဝမ်းကြောင်း စိုက်ပျိုးမှုများ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ကာကွယ်ရေးများနှင့် ဒေသတွင်း ရေဝေရေလဲမှုတို့အတွက် အရေးကြီးသည့်နေရာများ တွင် တည်ရှိသည်။

 

အထူးသဖြင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထိခိုက်မခံသည့် နယ်စပ်ဒေသများတွင် နိုင်ငံအဆင့် ခြုံငုံသတ်မှတ်ခြင်းသည် ဒေသဆိုင့်ရာ အဖြစ်မှန်နှင့် ကိုက်ညီမှုမရှိကြောင်း ပြသနေပြီး နယ်စပ်နှစ်ဘက်လုံးရှိ တွင်းထွက်တူးဖော်မှုဧရိယာများသည် သိသာထင်ရှားစွာ တိုးမြင့်လာသည်ကို တွေ့ရှိရသည်။

 

၎င်းပြောင်းလဲမှုများကို ကာလကြာရှည် တိုင်းတာခြင်းသည် သုတေသီများနှင့် မူဝါဒ ချမှတ်သူများ အတွက် ပထဝီဝင်ပြောင်းလဲမှုများ၊ မြေရှားသတ္တုတူးဖော်ခြင်းဆိုင်ရာ ပထဝီနိုင်ငံရေး၊ သတ္တုတွင်း ဧရိယာများရှိ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲ၊ နယ်စပ်ဒေသများရှိ သတ္တုထုတ်ယူမှု သီးခြား လက္ခဏာများကို ပိုမိုနားလည်လာစေနိုင်သည်။" ဟု Delaware တက္ကသိုလ်မှ ပါရဂူဘွဲ့ ယူကျောင်းသား Chinkaka et al က ဖော်ပြထားသည်။

 

တရုတ်နှင့် မြန်မာမှ ပထဝီနှင့် တွင်းထွက် စစ်တမ်းအချက်အလက် အသေးစိတ်များ မရရှိနိုင်သဖြင့် သုတေသီများသည် သတ္တုတွင်းများက အမှန်တကယ် မြေရှားသတ္တုတူးဖော်ရာတွင် အသုံးပြုနေ ခြင်း ရှိ မရှိ အတည်ပြုရန် ထပ်ဆောင်း လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်။

 

၎င်းကဲ့သို့ ပြုလုပ်ရန် ဂြိုဟ်တု အဝေးအာရုံခံစနစ်နှင့် USGS ရောင်စဉ်စစ်ဆေးတိုင်းတာရေး စမ်းသပ်ခန်းတို့ကို အသုံးပြုခဲ့သည်။

 

၎င်းတို့က တည်မြဲသံလိုက်ထုတ်လုပ်ရေးတွင် အရေးပါသည့် မြေရှားသတ္တုတစ်ခုဖြစ်သော neodymium ကို သတ္တုတွင်းများတွင် တွေ့ရှိခဲ့သည်။

 

ကိုးကား - Green Car Congress

 

ပုံစာ - မြစ်ကြီးနား (ကချင်ပြည်နယ်) နှင့် Nujiang စီရင်စု (ယူနန်ပြည်နယ်) နယ်စပ်တွင် ပြုလုပ်ခဲ့ သည့် လေ့လာမှုဧရိယာ။ (Photo: Chinkaka et al.)

 

မြေရှားသတ္တု
တရုတ်
မြန်မာ
နယ်စပ်

Share With
bap-logo