Politics
စစ်တပ်၏ ရွေးကောက်ပွဲကို ကုလအတွင်းရေးမှူးချုပ် စိုးရိမ်
လွန်ခဲ့သော တစ်နှစ် က
ဖေဖေါ်ဝါရီ ၁။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်လာနေချိန်အတွင်း ရွေးကောက်ပွဲများဆီသို့ ဦးတည်သည့် စစ်တပ်၏ ထုတ်ဖော်ပြောဆိုထားသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေဖြင့် စိုးရိမ်မိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်မြောက်ဖြစ်သည့် ယနေ့တွင် ကုလအတွင်းရေးမှူးချုပ်ရုံးက ထိုသို့ထုတ်ပြန်လာခြင်းဖြစ်သည်။
အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတစ်ခုဆီကို ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ကြရန် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြလိုသည်ဟုလည်းဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုထားသည်။
အကျပ်အတည်းကို အားလုံးပါဝင် ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် သူတို့၏ လူ့အခွင့်အရေးများကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးခံစားနိုင်ခွင့်ရရှိသည့် အခြေအနေများရှိရန် လိုအပ်ပြီး အရပ်သားပြည်သူများကို ဦးတည်သည့် စစ်တပ်၏ အကြမ်းဖက် စစ်ဆင်ရေးနှင့် နိုင်ငံရေးဖိနှိပ်မှုများ အဆုံးသတ်ရမှာ ဖြစ်ပြီး၊ တာဝန်ရှိသူများအားလုံး တာဝန်ခံမှုရှိရပါမည်ဟုလည်း ဖော်ပြထားသည်။
Related Articles
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၈ ရက် က