Politics
မြန်မာစစ်တပ်ထံ လက်နက်နှင့်စက်ပစ္စည်းများရရှိမှု ရပ်တန့်စေရေးနိုင်ငံတကာက ထောက်ခံအားပေးရန် အမေရိကန်နှင့် မဟာမိတ်များတောင်းဆို
လွန်ခဲ့သော တစ်နှစ် က
ဖေဖော်ဝါရီ ၁။
မြန်မာစစ်တပ်ထံ နက်လက်နှင့်စက်ပစ္စည်းများရရှိမှု ရပ်တန့်စေရေးနိုင်ငံတကာက ထောက်ခံအားပေးရန် အမေရိကန်နှင့် မဟာမိတ်များက ယနေ့ ကျရောက်သည့် အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် ထပ်မံတောင်းဆိုခဲ့သည်။
“မြန်မာစစ်တပ်မှ ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များဆောင်ရွက်ရန် လိုအပ်သည့် လက်နက်နှင့် စက်ပစ္စည်းကိရိယာများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန်” ဟုလည်း ဖော်ပြထားသည်။
လွန်ခဲ့သည့် သုံးနှစ်၊ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့သည်ဟုလည်းလည်းဆိုသည်။
စစ်တပ်သည် ရိုဟင်ဂျာများအပါအဝင် ဘာသာရေးနှင့် တိုင်းရင်းသားအသိုက်အဝန်းများအပေါ် စနစ်တကျခွဲခြား ဆက်ဆံမှုများလည်း အလွန်မြင့်မားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
စစ်တပ်၏ လုပ်ရပ်များကြောင့် လူပေါင်း ၂.၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း ၁၈ သန်း ကျော် အကူအညီလိုအပ်လျက်ရှိရာ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေရန် တွန်းအားပေးလျက်သည်ဟုလည်းဆိုသည်။
“လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု၊ ငြိမ်ချမ်းစွာဆန္ဒပြခြင်းနှင့် သတင်းမီဒီယာများ လွတ်လပ်စွာထုတ်ဖော်ခွင့်အပါအဝင် အခြေခံကျသောလွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံးသောအနေအထားဖြင့် ရှုတ်ချသည်” ဟုဆိုသည်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အပြည့်အဝပေးအပ်ခွင့်ပြုရန်နှင့် သက်ဆိုင်သူ အားလုံးနှင့် အတူ အများပါဝင်နိုင်သည့်တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းပေါ်ပေါက်လာအောင် ဖန်တီးပေး ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းတို့က ပူးတွဲတောင်းဆိုထားသည်။
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က