bap-logo
Politics

နတ်​မောက်မှာ အသံတိတ်သပိတ်လုပ်ရင် အ​ရေးယူမယ်လို့ စစ်​ကောင်စီ​ကြေညာ​နေ

Fe9PPRBujChevU86k3mdW-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၃၁။

 

မကွေးတိုင်း၊ နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ရက်အသံတိတ်သပိတ်လုပ်ရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်က လိုက်လံကြေညာနေတယ်လို့ နတ်မောက်မြို့ခံအချို့ဆီက သိရပါတယ်။

 

"ဘယ်လိုအရေးယူမယ်လို့တော့မပြောဘူး၊ အရေးယူမယ်လို့ မနေ့ညက အော်သံပဲကြားလိုက်တာ၊ ကားပေါ်ကနေအမြန်အော်သွားတာသူတို့လုပ်မှ အသံတိတ်သပိတ်ကို လူတွေပိုသိသွားတော့တယ်" လို့ နတ်မောက်မြို့နေသူတဦးက ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းမှု နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ရက်နေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင် လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဇန်နဝါရီ ၃၀ ရက်က ကြေညာထားပါတယ်။

 

ဖေဖော်ဝါရီ ရက် မနက် ၁၀ နာရီကနေ ညနေ နာရီအတွင်း လမ်းမတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကိုမထွက်ဘဲ ကိုယ့်အိမ်၊ ကိုယ့် ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်နေထိုင်ပြီး အသံတိတ်သပိတ်မှာ ပါဝင်ဖို့ GSCB က တောင်းဆိုထားပါတယ်။

 

မကွေးမြို့မှာလဲ စည်ပင်သာယာရေးအဖွဲ့က ဖေဖော်ဝါရီ ရက်နေ့မှာ စျေးဆိုင်များမပိတ်ဖို့ အသံတိတ်သပိတ် မှာမပါဝင်ဖို့ စျေးဆိုင်ပိုင်ရှင်များကို အသိပေးနေတယ်လို့မကွေးမြို့ခံအချို့ဆီက သိရပါတယ်

 

ဦးမင်းကိုနိုင်အပါဝင် ဒေါက်တာတေဇာစန်းနဲ့တော်လှန်ရေး သပိတ်ခေါင်းဆောင်တွေက ဖေဖော်ဝါရီလ ရက် နွေဦးတော်လှန်ရေး နှစ်ပြည့်အဖြစ် အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့တိုက်တွန်းထားတာပါ။

 

ဓါတ်ပုံ-လူမှုကွန်ရက်

 

Burma Associated Press

နတ်မောက်မြို့
စစ်ကောင်စီ
အသံတိတ်သပိတ်
မကွေး

Share With
bap-logo