Politics
ဆီဆိုင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကျဲ
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၃၁။
ဆီဆိုင်မြို့နယ်၊ လွယ်ထွဲကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
"မနေ့ကလည်း အိမ်တွေမီးလောင်တယ်၊ လေကြောင်းကလဲတိုက်တော့ ဘုန်းကြီးကျောင်း၊ စေတီပုထိုးပါမကျန် ပျက်စီးတာပဲ၊ တမြို့လုံး ရှောင်ပြေးနေရတယ်၊ ပိတ်မိနေသူတွေလည်း မြို့ထဲကထွက်ဖို့ကြိုးစားနေကြတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မူကြောင့် ဆီဆိုင်မြို့်၊ ဇဝနရာမစာသင်တိုက်က ဆရာ တော်နဲ့ သံဃာတော်အပါး ၃၀၀ ကျော် တို့ ဟိုနမ်းဒေသကို စစ်ရှောင်နေကြရပါတယ်။
ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး ရှောင်ပြေးနေရတာဖြစ်ပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်မှာလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ ဆီဆိုင်မြို့ မြောက်ဘက် တနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၈ ရက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကောင်ႏမူႏဗွာရွာ ဘုန်းတော်ကြီး ကျောင်း၊ (ဆီဆိုင်)မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦ အများအပြား ပျက်စီးခဲ့ရရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ ဆီဆိုင်မြို့နဲ့ပအိုဝ်းဒေသကို ဗုံးကျဲ တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းအခြေအအနေ လုံခြုံမှုအားနည်း နေပြီး ပြည်သူတွေအနေနဲ့ မြို့အတွင်းဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင့်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြ သေးဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တောင်းဆိုထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က