Politics
တောင်ကြီး-ဆီဆိုင် ကားငှားခ ၁၅ သိန်း ဝန်းကျင်ရှိနေ
လွန်ခဲ့သော တစ်နှစ် က
ဆီဆိုင်၊ ဇန်နဝါရီ ၃၀။
တိုက်ပွဲတွေဖြစ်နေတဲ့ ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်ဖို့ တောင်ကြီးကနေ ကားငှားပါက ၆ ဘီးကားတစီးကို ၁၅ သိန်း နီးပါး ပေးပြီးပစ္စည်းပြန်သယ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွိုင်ကော်လို ဖြစ်လာမှာ စိုးရိမ်လို့ ဒေသတွင်းကျန်ခဲ့သူတွေက ဆီဆိုင်မြို့ကနေ စွန့်ခွာတော့မှာဖြစ်လို့ ကားတွေငှားနေကြတာလို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
"စစ်တပ်က လေယာဥ်ဗုံးကျဲတာမီးလောင်ဗုံးတွေပါသုံးတာ မီးလောင်တဲ့နေအိမ်တွေအများကြီးဆိုတော့ မနေရဲ တော့ဘူး။ ကားတွေငှားပြီးပြောင်းပြေးရတယ်၊ ဒီထက် ပြင်းထန်လာဖို့ပဲ ရှိတော့တယ်" လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
၁၀ ဘီး၊ ၆ ဘီးကားတွေအပြင် လိုက်ထရပ်ကား၊ ထော်လာဂျီစတာတွေလည်း ငှားရမ်းမူ များနေကြတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့အထွက်နဲ့ ဆီဆိုင်မြို့အဝင်မှာ စစ်တပ်နဲ့PNOအဖွဲ့ကပစ္စည်းပြန်သယ်တဲ့ကားတွေကို တားမြစ်ပြီး စစ်ဆေးတာတွေလုပ်နေတာကြောင့် ပြန်မသယ်ရဲကြတာလို့ မြို့ခံတွေဆီက သိရပါတယ်။
ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်များက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး တောင်ကြီးမြို့နဲ့အနီးအနားမြို့တွေကိုရှောင်ပြေးနေရတယ်လို့ သိရပါတယ်။
"တိုက်ပွဲကာလကြာနိုင်တယ်လို့မြို့ခံတွေကယူဆနေကြတယ်၊ ဒါကြောငွရှောင်တိမ်းမယ့်နေရာတွေမှာ လုပ်ကိုင် စားသောက်ဖို့ပဲတွေးတော့ ကျန်တဲ့ပစ္စည်းတွေပြန်သယ်ဖို့ ရှိတာချွတ်ရောင်းပြီးကားငှားကြတာ၊ ဒီလိုဖြစ်မယ်ဘယ်သူမှမထင်ထားတော့ စပြေးလာတုန်းကအဝတ်အစားလောက်သာပါတာ သူခိုးရန်ထက် မီးလောင်ဗုံးကျဲရင် ဘာမှမကျန်မှာ ပူကြလို့ ပြန်သယ်နေကြတာ"လို့ စစ်ရှောင်တဦးက ပြောပါတယ်။
လက်ရှိအချိန်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်ထဲကကျေးရွာအချို့နဲ့ဟိုပုံးမြို့နယ်တွေမှာ စစ်တပ်နဲ့ PNO တပ်တွေ တပ်အင်အားဖြည့်တင်းဖို့ အကြီးအကျယ်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့က Non-CDM ဝန်ထမ်းတွေကို အသင့်ရှောင်နိုင်ဖို့ ရှမ်းဝန်ကြီးချုပ် ပြင်ဆင်ခိုင်းထားတယ် လို့ သတင်းတွေထွက်ပေါ်နေပြီး၊ တောင်ကြီးမြို့ နယ်ထဲမှာ စစ်တပ်နဲ့ PNO အဖွဲ့တွေ စစ်ဆေးမူကြမ်းနေတယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
ပုံစာ - ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မဈေး ( ဓာတ်ပုံ- လူမှုကွန်ရက်)
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က