bap-logo
Politics

ပါတီနှင့် လူထုအတွက် ကျသည့်နေရာမှ ဆက်လက်လုပ်ကိုင်သွားမည်ဟု Pita ပြော

7FvWzCF2fNGScIlTQGOY3-image

လွန်ခဲ့သော တစ်နှစ် က

ရှေးရိုးစွဲမှုများ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဖြင့် အံ့အားသင့်ဖွယ် ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည့် Move Forward ပါတီမှ Pita Limjaroenrat က သောကြာနေ့တွင် နှုတ်ထွက်လိုက်သည်။

 

လူငယ်နှင့် မြို့ပြထောက်ခံမှုများကြောင့် Move Forward ပါတီသည် မေလရွေးကောက်ပွဲတွင် အင်အားကြီး စစ်တပ်နှင့် ဘုရင်စနစ်တို့ ကျောထောက်နောက်ခံပြုထားသည့် ပါတီများကို အနိုင်ယူခဲ့ခြင်းဖြင့် အကြီးအကျယ် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရသည်။ သို့ရာတွင် ရှေးရိုးစွဲ လွှတ်တော်ကိုယ်စားလှယ်များက အစိုးရတစ်ရပ် တည်ထောင်ရန် ပိတ်ပင်တားဆီးခံခဲ့ရသည်။

 

ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ခဲ့သည့် အသက် ၄၃ နှစ်အရွယ်ရှိ Pita သည် ဝန်ကြီးချုပ်ဖြစ်လာရန် လွှတ်တော်တွင် နှစ်ကြိမ်တိုင် အားထုတ်ကြိုးပမ်းခဲ့သော်လည်း စစ်တပ်ခန့်အပ်ထားသည့် အမတ်များက Move Forward ပါတီကို ပိတ်ဆို့တားဆီးထား၍ ငြင်းပယ်ခံခဲ့ရသည်။

 

အခြား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အတိုက်အခံခေါင်းဆောင်တာဝန်ယူဖို့ ကျွန်တော် ခွင့်ပြုချင် ပါတယ်။ ဘယ်လိုနေရာကပဲဖြစ်ဖြစ် Move Forward ပါတီနဲ့ လူထုအတွက် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝအသုံးချ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်ဟု Facebook တွင် Pita မှ ပြောကြားခဲ့သည်။

 

အများနှစ်သက်ကြသည့် Pita သည် ရွေးကောက်ပွဲအကြို ဆန္ဒမဲကောက်ယူမှုတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် ထိပ်ဆုံးမှ ရွေးချယ်ခံရသော်လည်း ဥပဒေနှင့် ဥပဒေပြုရေး စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရကာ အာဏာ မရရှိ‌စေရန် ကြိုးဆွဲထိန်းချုပ်မှုများ တွေ့ကြုံခဲ့သည်

 

မီဒီယာကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာပိုင်ဆိုင်မှုအတွက် တာဝန်ထမ်းဆောင်ရန် ပြည့်မီသင့်လျော်ခြင်း ရှိ၊ မရှိ ဆိုသည့် ရွေးကောက်ပွဲစည်းမျဉ်းများကို ဆန့်ကျင်သော အမှုဖြင့် ယခုအခါ Pita ကို လွှတ်တော်မှ ဆိုင်းငံ့ ထားသည်။ Pita က အမှားအယွင်းမပြုလုပ်ခဲ့ဟု ငြင်းဆိုထားသည်။

 

“Move Forward ပါတီ၊ နိုင်ငံသားများနဲ့အတူ ကျွန်တော်တို့ မျှော်လင့်တဲ့ အပြောင်းအလဲ ရရှိရေး အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားမှာပါ။ဟု သူက ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - ဂျူလိုင်လ ၉ ရက် ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat မှ မဲပေးသူများကို ကျေးဇူးတင်စကား ပြောကြားနေစဉ်။ (Photo: REUTERS/Athit Perawongmetha)

 

Burma Associated Press

ဖိထာ
Move Forward
ထိုင်းနိုင်ငံ
ပါတီ

Share With
bap-logo