bap-logo
Politics

ကန့်ဘလူ ငှက်ပျောတိုင်း ဓာတ်အားခွဲရုံတိုက်ပွဲ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

39HMNUOc8jNpzspfiOvaY-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၀ ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ငှက်ပျောတိုင်း ဓာတ်အားခွဲရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ဒေသခံတော်လှန်ရေး အင်အားစု တွေက ယမန်နေ့ အောက်တိုဘာ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

အောက်တိုဘာ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း ကျေးရွာအနီး စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲထားတဲ့ ဓာတ်အားပေးစက်ရုံကို ကန့်ဘလူခရိုင် PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

 

စစ်ကောင်စီဘက်က စစ်ကူအင်အား ၁၀၀ ခန့် ရောက်ရှိလာခဲ့သလို ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက် ခဲ့တာကြောင့် မွန်းလွဲ တစ်နာရီခွဲခန့်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ဆုတ်ခွာခဲ့ရတယ် ဆိုပါတယ်။

 

စုစုပေါင်း တိုက်ပွဲကြာချိန် ရှစ်နာရီခွဲကျော် ကြာမြင့်ခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။

 

အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက် အကျအဆုံးများခဲ့သလို ဒေသခံ တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက BAP ကို ပြောပါတယ်။

 

ကျွန်တော်တို့ဘက်က ရဲဘော်နှစ်ဦးကျပါတယ်။ အပြန်အလှန်ပစ်တဲ့အချိန်မှာ ကျတာ။ လေကြောင်း တိုက်ခိုက်တာက တော်လှန်ရေးအင်အားစုတွေဘက်က မထိခိုက်ပါဘူး။ ဒဏ်ရာရတဲ့ ရဲဘော်တွေကလည်း မစိုးရိမ်ရတဲ့ သဘော ရတာပါလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

 

အဆိုပါ ငှက်ပျောတိုင်းရွာအနီးရှိ ဓာတ်အားခွဲရုံမှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၉ ရက်က စတင်ကာ အထိုင်ချတပ်စွဲနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အခုလတ်တလော တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို စက်တင်ဘာ ၂၅ ရက်က စတင်ကာ စစ်ကောင်စီ ခြေမြန်တပ်ရင်း(၃၆၁)နဲ့ ပျူစောထီးအဖွဲ့ အင်အား (၁၀၀)ကျော်က ကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ရက်မှာ ကျေးပင်အက်ရွာအနီးမှာ ဒေသခံတော်လှန်ရေး အင်အားစု တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီလို တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က ငါးဦးသေဆုံးပြီး ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေထံက သိရပါတယ်။

 

ဒါ့အပြင် အဆိုပါ စစ်ကောင်စီတပ်တွေက အောက်တိုဘာ ရက်မှာ အင်းလယ်ကြီးရွာက ဒေသခံ သုံးဦးနဲ့ ထိန်တောရွာက ဒေသခံနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။ အဲဒီထဲကမှ အင်းလယ်ကြီးရွာက ဒေသခံနှစ်ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သွားခဲ့သလို အလောင်းပြန်မရခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

 

ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံ သုံးဦးဟာလည်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ညှဉ်းပန်း နှိပ်စက်ပြီးမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။

 

ကန့်ဘလူနယ် တောင်ဘက်ခြမ်းကကျေးရွာတွေကို နှစ်ပတ်ကြာ စစ်ကြောင်း ထိုးခဲ့ရာမှာလည်း စစ်ကောင်စီ တပ်နဲ့ ပျူစောထီးတွေက သီရိမွန်ကျေးရွာက နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခဲ့သလို ငှက်ပျောတိုင်းနဲ့ ယမနေကျေးရွာက ပြည်သူပိုင်နေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူသွားခဲ့ သေးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ငှက်ပျောတိုင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

ဓာတ်ပုံ - ဒေသကာကွယ်ရေးတပ်ဖွဲ့

 

Burma Associated Press

စစ်ကိုင်း
ကန့်ဘလူ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

Share With
bap-logo