bap-logo
Politics

မှောင်ခိုဈေးကွက်မှာ နိုင်ငံကူးလက်မှတ်တစ်ခုကို ကျပ် ၁၀ သိန်း ကျော် အထိရှိနေ

9Mw4mkmrVzxd3IlNxO3Rm-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၅။

ရန်ကုန်မြို့မှာ နှစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ်အမြန်ပြုလုပ်လိုပါက ငွေကျပ် ၁၀ သိန်းကျော် ပေါက်စျေး ရှိနေလို့ BAP က စုံစမ်းသိရပါတယ်။

 

နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီရဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားတွေဆီကနေ ပြုလုပ်နေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

 

" အမြန်တစ်လအတွင်း လုပ်ရင် ၁၂ သိန်းထိ တောင်းတယ်၊ / (မှတ်ပုံတင်) ဆိုရင် ပိုပေးရတယ်၊ အွန်လိုင်းကနေ လျောက်ထားတာက ၁၁ လပိုင်းမှ ရမှာ၊ ခုကအမြန်လိုနေလို့ လုပ်လိုက်ရတာ ၁၀ သိန်းနဲ့ လုပ်လိုက်ရတယ်၊ ၁၀ ရက် အတွင်း ရမယ်ပြောတယ်၊ အမြန်လိုသူတွေ ပွဲစားဆီကိုပဲ သွားရတယ်၊ ကိုယ်တိုင် သွားလို့ အမြန်မရဘူး၊ ငွေပေးမှ ရတာ"လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်ခဲ့ရသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဟာ အွန်လိုင်း ဘွတ်ကင်စနစ်နဲ့ လျှောက်ကြရပါတယ်။ အွန်လိုင်းဘွတ်ကင်မှာ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်အထိ ပြည့်နေပြီဖြစ်လို့ အမြန်လိုအပ်သူတွေက ရုံးဝန်ထမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားတွေဆီမှာ လုပ်ခဲ့ရတာလို့ နိုင်ငံကူးလက်မှတ် ပြုလုပ်နေသူတွေက ပြောတာပါ။

 

လက်ရှိအချိန် နိုင်ငံကူးလက်မှတ်ကို ပွဲစားကတဆင့် မှောင်ခိုဈေးကွက်မှာ အမြန်ပြုလုပ်ပါက ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ရုံးတွေမှာလုပ်ရင် ငွေကျပ် ၁၀ သိန်း၊ မြဝတီမြို့မှာ လုပ်ရင် သိန်း၊ တောင်ကြီးမြို့နဲ့ မုံရွာမြိူ့တွေမှာ ပြုလုပ်ရင် သိန်းကျပ် အသီးသီး ပေါက်စျေးရှိနေတယ်လို့ ဆိုပါတယ်။

 

တောင်ကြီးမြို့မှာ နိုင်ငံကူးလက်မှတ်အမြန်ပြုလုပ်ရင် မှတ်ပုံတင် ၁၃/ နံပါတ်ရှိသူတွေသာ ပြုလုပ်လို့ရပါတယ်။ အဲဒီမှာ လူကိုယ်တိုင် တုံကင်ယူ တန်းစီရတဲ့စနစ် ကျင့်သုံးတယ်ဆိုပေမယ့် တုံကင်နံပါတ်တွေက နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားတွေဆီမှာသာ အများအပြားရှိနေတယ်လို့ ကိုယ်တိုင် ကြုံဖူးသူတွေက ပြောပါတယ်။

 

"ညမထွက်ရအမိန့်က မနက် နာရီထိလေ၊ နာရီ ထသွားတန်းစီတာကို တုံကင်မရခဲ့ဘူး၊ အားလုံးက ပွဲစားလက်ထဲမှာ၊ အမြန်မလိုတာတောင် ကိုယ်တိုင်တန်းစီတာမရဘူး၊ ပွဲစားနဲ့ သိန်းပေးပြီး လုပ်ခဲ့ရတယ်"လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

 

တစ်လအတွင်း နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်ဖို့လိုအပ်သူတွေဟာ ရုံးကဝန်ထမ်းတွေနဲ့ ပွဲစားတွေဆီကသာ တစ်ဆင့်ပြုလုပ်ရလို့ ငွေကြေး ကုန်ကျမှုများပြီး အခက်အခဲများကြုံနေရတယ်လို့ ပြောပါတယ်။

 

ကျွန်မညီမထိုင်းကို အမြန်သွားရမှာကြောင့် ပတ်စပိုစ့် သွားလုပ်တာ၊ သူတို့က တုံကင်စနစ်နဲ့ပဲ လုပ်ပေးတယ်တဲ့၊ ကြာဦးမယ်ပေါ့၊ အမြန်ရချင်ရင် ပွဲစားတွေနဲ့ ချိတ်ပြီးလုပ်ပါတဲ့၊ သူတို့ ရုံးကဝန်ထမ်းညွှန်တဲ့ ပွဲစားနဲ့ လုပ်တော့ သိန်း တောင်းလို့ မလုပ်ဘဲ အောက်လမ်း (တရားမဝင်လမ်းကြောင်း) ကနေသွား လိုက်ရတယ်။ ရဲဖမ်းခံရမှာစိုးလို့ မိသားစုတွေက ရင်တမမနဲ့လေ ဒုက္ခရောက် ရတယ်၊ သက်ဆိုင်ရာအာဏာရှိသူတွေက ပြည်သူ့အခက်အခဲကို ပြန်ကြည့် ပေးစေချင်တယ်လို့ တောင်ကြီးမြို့မှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ သွားခဲ့သူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန် ရန်ကုန်မြို့မှာ ပတ်စပိုစ့်အမြန်ပြုလုပ်တဲ့ လူဦးရေများလို့ ပွဲစားတွေဟာ လူ ဦး၊ ၁၀ ဦး စုပြီး မြဝတီမြို့နဲ နေပြည်တော်မှာ သွားရောက် ပြုလုပ်ပေးနေကြရတယ်လို့ သိရပါတယ်။

 

နိုင်ငံကူးလက်မှတ်တွေကို ပွဲစားတွေနဲ့ ပြုလုပ်ရာမှာလည်း အလိမ်ခံရသူတွေလည်း အမြောက်အများ ရှိနေ ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာ တချို့မှာလည်း နိုင်ငံကူးလက်မှတ် ( Passport ) လုပ်ပေးမယ်ဆိုပြီး လိမ်လည်မှုတွေလည်း ရှိနေပါတယ်။

 

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် အလုပ်အကိုင် ရှားပါးလာတာကြောင့် တစ်လကို မြန်မာလုပ်သား လေးသောင်းကျော် ပြည်ပထွက်ခွာ အလုပ်လုပ်နေကြတယ်လို့ IOM (နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သား ကူညီရေး အဖွဲ့) က ထုတ်ပြန်ထားပါတယ်။

 

အွန်လိုင်းကနေ ပတ်စပို့စ်လျှောက်ထားတဲ့ စနစ်ကတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တစ်ခုတည်းမှာသာ ပြုလုပ်တာ ဖြစ်ပြီး နိုင်ငံကူးလက်မှတ် အမျိုးအစားအလိုက် ကျသင့်ငွေကိုပါ ဘဏ်နဲ့ ချိတ် ဆက်ပြီး ပေးသွင်းရတဲ့ စနစ်ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press 

မြန်မာ
နိုင်ငံကူးလက်မှတ်

Share With
bap-logo