bap-logo
Politics

ရန်ကုန် ​စျေးဝယ်စင်တာ​တွေမှာလည်း စားသုံးဆီ ဝယ်ယူမှုကန့်သတ်

34BYO8SiSXyM-qktZj_WI-image

လွန်ခဲ့သော ၂၂ ရက် က

သြဂုတ် ၂၈။

 

ရန်ကုန်မြို့စျေးဝယ်စင်တာတွေက စားသောက်ကုန် အရောင်းဆိုင်တွေမှာ လူတစ်ဦးကို ဆီတစ်ဘူးသာဝယ်ယူဖို့ ကန့်သတ်နေတယ်လို့ သိရပါတယ်။

 

နိုင်ငံခြားကနေတင်သွင်းလာတဲ့ ဆီအမျိုးအစား ဘူးအမျိူးအစားအားလုံး လူတစ်ဦးကို တဘူးသာဝယ်ယူဖို့ ဝန်ထမ်းတွေက အသိပေးထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

 

"တစ်ပိဿာဘူး ယူယူ၊ ၅၀ သားဘူး ယူယူ၊ တစ်ယောက် တစ်ဘူးပဲရတယ်။ ဆီရောင်းဖို့တင်ထားတဲ့စင်တွေမှာ ဆီဘူးတင်လိုက်တာနဲ့ ခဏနေကျရင် မရှိတော့ဘူး။ စျေးသက်သာလို့ ဝယ်ကြတာလည်း ပါတာပေါ့" လို့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နေသူ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

လတ်တလော စီးတီးမတ်၊ အိုးရှင်းနဲ့ မက်ခရို စူပါမားကတ်တွေမှာတော့ စားသုံးဆီအမျိုးမျိုးကို လူတစ်ဦးလျှင် တစ်ဘူးနှုန်းနဲ့ ဝယ်လို့ရနေပြီး အကန့်အသတ်နဲ့ တင်နေရတယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့မှာ စားသုံးဆီဈေးတွေ စျေးမြင့်နေပြီး စူပါမားကတ်အချို့တွေမှာ ပြည်ပက တင်သွင်းလာတဲ့ စားသုံးဆီဘူးတွေဝယ်ရင် ၅၀ သား တစ်ဘူးကို ပြင်ပဈေးထက်လေးထောင်ကျပ်သက်သာပြီး၊ တစ်ပိဿာဘူးကြီးတွေဆိုရင် ထောင်နီးပါး သက်သာနေတာလို့ အိမ်ရှင်မအချို့က ပြောပါတယ်။

 

လက်ရှိစားသုံးဆီတွေ ပြင်ပမှာ စျေးမြင့်တက်နေပြီး ဆီအမျိုးအစားအလိုက် တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျော်အထိ ပေါက်စျေးရှိနေပါတယ်။

 

ရပ်ကွက်တွေမှာ ဧည့်စာရင်းစာအုပ်ပြကာ တစ်ပတ်ကို စားအုန်းဆီတုံကင်ကတ်တစ်ခုကို ၅၀ ကျပ်သား ဝယ်ယူခွင့်ရဖို့ တန်းစီနေကြရပါတယ်

 

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အခြေခံလူတန်းစားတွေ အသုံးပြုနေရတဲ့ စားအုန်းဆီ တစ်ပိဿာကို ၁၇,၀၀၀ ကျပ်အထိ မြင့်တက်နေတာပါ။

 

စီးတီးမတ်တို့ အိုးရှင်းစင်တာနဲ့မက်ခရို စူပါမားကတ်တွေမှာတော့ တစ်ယောက်တစ်ဘူး ရောင်းချနေပေမယ့် ဆီရောင်းဖို့မရှိတာကြောင့် စျေးဝယ်သူအချို့ ဆီအရောင်းစင်နေရာမှာ စောင့်ဆိုင်းနေကြတာရှိနေတယ်လို့ သိရပါတယ်။

 

စီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးကတော့ သူတို့အနေနဲ့ ဒီလိုကန့်သတ်ရောင်းရတာဟာ လူအများကို ဝယ်ယူရရှိလိုတဲ့ဆန္ဒကြောင့်လို့ ပြောပါတယ်။

 

"တချို့က ပြင်ပထက် သက်သာတယ်ဆိုပြီး တစ်ယောက်ထဲ ဆယ်ဘူးလောက်ထိ ယူနေတာ၊ တစ်ရက်ကို သုံးခါလောက် လာကြတာတွေလည်း တွေ့ရလို့ ကြပ်မတ်နေရတာပါ။ အများကိုရောင်းပေးချင်တာမို့ သေချာကြည့်ထားရတယ်။ ငွေရှင်းကောင်တာရောက်လို့ တစ်ဦးတည်း နှစ်ဘူးယူရင်လည်း ပြန်သိမ်းပါတယ်လို့" စီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောပါတယ်။

 

စီးတီးမတ်တို့ အိုးရှင်းစင်တာနဲ့ မက်ခရို စူပါမားကတ်တွေမှာတော့ တစ်ယောက်တစ်ဘူးရောင်းချနေပေမယ့် ဆီရောင်းဖို့ မရှိတာကြောင့် စျေးဝယ်သူအချို့ ဆီအရောင်းစင်နေရာမှာ စောင့်ဆိုင်းနေကြတာရှိနေတယ်လို့ သိရပါတယ်။

 

Burma Associated Press

စားအုန်းဆီ
ရန်ကုန်
ဈေးဝယ်စင်တာ

Share With
bap-logo