bap-logo
Data

ကန့်ဘလူမှာ နှစ်ပတ်ကြာနေတဲ့ စစ်ကြောင်း ကြောင့် ပြည်သူ တစ်သောင်းနီးပါး စစ်ရှောင်နေရ

1nIffS70QZSvvYfDk9iYN-image

လွန်ခဲ့သော တစ်နှစ် က

ကန့်ဘလူမှာ နှစ်ပတ်ကြာနေတဲ့ စစ်ကြောင်းကြောင့် ပြည်သူ တစ်သောင်းနီးပါး စစ်ရှောင်နေရ

 

အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် သုံးဦး ဖမ်းခံထားရ

 

BAP၊ စက်တင်ဘာ ၈။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ နှစ်ပတ်ကြာနေတဲ့ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်း ကြောင့် ပြည်သူ တစ်သောင်းနီးပါး စစ်ရှောင်နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

 

စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ရက်အထိ အင်အား ၁၂၀ နီးပါးပါတဲ့ စစ်တပ်နဲ့ ပျူစောထီး စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာက ပြည်သူတွေ အရေးပေါ် စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

 

အရင်ကဆို စစ်ကြောင်းထိုးရင် အများဆုံးစစ်ရှောင်ရတာ သုံးရက်ပဲ၊ အကြာကြီးလဲမဝင်ဘူး၊ အခုက စစ်ကြောင်းထိုးတာ နှစ်ပတ်နီးနီးရှိပြီဆိုတော့ ကိုယ့်ပါတဲ့ ရိက္ခာလည်း ကုန်ပြီ၊ ရှိသမျှပစ္စည်း‌တွေလည်း သူတို့ခိုးတာနဲ့ ဘာမှ ကျန်မှာမဟုတ်ဘူးလို့ စစ်ရှောင်အမျိုးသမီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထား ပါတယ်။

 

ဒါ့အပြင် အဲဒီစစ်ကြောင်းက အောက်တိုဘာ ရက်မှာ အင်းလယ်ကြီးရွာက အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကိုပါ ဖမ်းဆီးထားပြီး ဒီကနေ့အထိ ပြန်မလွှတ်သေးဘူး လို့လည်း ဆိုထားပါတယ်။

 

စစ်ရှောင်နေရတဲ့ ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာနဲ့ လေးလှက ဒေသခံတွေဟာ လက်ရှိအချိန်အထိ ရွာမပြန်နိုင်သေးဘဲ စားနပ်ရိက္ခာနဲ့ အမိုးအကာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အသိပေးထားပါတယ်။

 

Burma Associated Press

စစ်ကိုင်း
ကန့်ဘလူ
စစ်တပ်
ဒုက္ခသည်
အရပ်သား

Share With
bap-logo