bap-logo
Weather

မိုခါဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲဖြစ်စဉ်များကြောင့် သေဆုံးသူ ၅ ဦးရှိ

zaPZwOVEm7vuMvACuO7SZ-image

လွန်ခဲ့သော တစ်နှစ် က

မေ ၁၄။

မိုခါဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး နှင့် ဧရာဝတီတို့တွင် သေဆုံးသူ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထုတ်ပြန်သည်။

 

ယနေ့ ၁၁ နာရီ ခွဲအချိန် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် (၁၃၀) နှုန်းဖြင့် ရခိုင်ကမ်း ရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာသည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်ဆီးခဲ့ပြီး ဆက်သွယ်လိုင်းရေးများ ပြတ်တောက်လျက်ရှိနေသည်။

 

စစ်တွေမြို့ပေါ်တွင် နှစ်ရှည်ပင် တချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ဂွမြို့နယ်၊ ကမ်းသာယာအနီး ရွှေဦးကင်းရွာတွင်လည်း အိမ်ခြေ ၅၀ ခန့် ပျက်ဆီးခဲ့ကြောင်း NUGက ဆိုသည်။

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မုန်တိုင်းဒဏ်အပြင် စစ်ကောင်စီက စစ်ကြောင်းထိုးနေသဖြင့် မိုး ရက် သည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာမှုများဖြစ်ပေါ်နေသည်။

 

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လျက် ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

 

မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း NUGက သတိပေးထားသည်။

 

ဓာတ်ပုံ- ကျိုးကျပျက်စီးခဲ့သည့် စစ်တွေမြို့တွင်းရှိ MPTတာဝါတိုင်

 

Burma Associated Press

မိုချာ
မုန်တိုင်း

Share With
bap-logo