bap-logo
Weather

လေဖိအားနည်းရပ်ဝန်းသည် နောက် နှစ်ရက်အကြာတွင် ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်

XdOYH9YOAkRBwg5vXOH1a-image

လွန်ခဲ့သော တစ်နှစ် က

မေ ၈။

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းရှိ လေဖိအားနည်း ရပ်ဝန်းသည် နောက် နှစ်ရက်အကြာတွင် ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးသည်။

 

ယမန်နေ့ တိုင်းတာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် နောက် (၁၈) နာရီအတွင်း လေ ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ဆိုသည်။

 

ထိုမှတဆင့် မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက်တွင် ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းနှင့် ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်း နှစ်ခုမှတဆင့် ဝင်ရောက်လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းသည်။

 

ပထမလမ်းကြောင်းသည် ရန်ကုန်တိုင်း၊ ဖျာပုံနှင့် ကွမ်းခြံကုန်းမြို့နယ်ကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဒုတိယလမ်းကြောင်းက ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေနှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းပိုင်းမုန်တိုင်း အဖြစ် ဝင်ရောက်လာနိုင်သည်ဟုဆိုသည်။

 

မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းများသည် ယခုအချိန်ထိ ခန့်မှန်းချက်သက်သက်သာ ဖြစ်နေပြီး လေဖိအား နည်း ရပ်ဝန်းမှစတင်၍ မုန်တိုင်းဖြစ်ပေါ်လာမှသာ အတိအကျ သိရှိနိုင်မည်ဟုလည်း ဆိုသည်။

 

Burma Associated Press

မြန်မာ

Share With
bap-logo