bap-logo
Weather

မိုခါမုန်တိုင်းသည် ယနေ့ညပိုင်းတွင် ချင်းနှင့် မကွေးတိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်

VuJLCq_8QrXpvq6qRFZCm-image

လွန်ခဲ့သော တစ်နှစ် က

မုန်တိုင်းသတင်း/မြန်မာစံတော်ချိန် ညနေ နာရီအချိန် ထုတ်ပြန်ချက်

 

BAP မေ ၁၄။

မိုခါမုန်တိုင်းသည်ယနေ့ညပိုင်းတွင် ချင်းနှင့် မကွေးတိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

 

ထိုမှတဆင့် မေလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းအတွင်းသို့ ဆိုင်ကလုန်း မုန်တိုင်းမိုခါအဖြစ် လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းသို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ရွေ့လျားနိုင်သည်ဟုလည်း သိရသည်။

 

နောက် ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းအလွန်ကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက အသိပေးသည်။

 

ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင် (၁၀၀)ခန့်အထိ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

 

ထို့အတူ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်၊ ရှမ်းနှင့် ကယားတို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ- ယနေ့ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့အတွင်းရှိ ပျက်စီးမှု မြင်ကွင်း

 

Burma Associated Press

မုန်တိုင်း
မိုချာ

Share With
bap-logo