bap-logo
Weather

မိုခါမုန်တိုင်းသက်ရောက်နိုင်တဲ့ ဒေသက လူဦးရေ လေးသိန်းကျော်အတွက် တစ်လကြာ ပံ့ပိုးပေးနိုင်တဲ့ စားနပ်ရိက္ခာတွေကို WFP အသင့်ပြင်ထား

u42HXZcFBdP6LXiPK86Ln-image

လွန်ခဲ့သော တစ်နှစ် က

မေ ၁၄။

မိုခါ(MOCHA) မုန်တိုင်းသက်ရောက်နိုင်တဲ့ ရခိုင်ပြည်နယ်အပါအဝင် အနီးနား ဒေသက လူဦးရေ လေးသိန်းကျော်အတွက် တစ်လကြာ ပံ့ပိုးပေးနိုင်တဲ့ စားနပ် ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာပံ့ပိုးရေးအဖွဲ့-WFP အသင့်ပြင်ထားတယ်လို့ သိရပါတယ်။

 

WFPဟာ အရေးပေါ်အစီအစဉ်တွေ ရေးဆွဲချမှတ်ပြီးဖြစ်သလို သယ်ယူပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက် ကြန့်ကြာမှုတွေကို ကြိုတင်ပြင်ဆင် တဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ မုန်တိုင်းအသင့်ပြင်မှုနဲ့ တုံ့ပြန်မှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစနစ်တွေကိုလည်း တပ်ဆင်လျက် ရှိနေတယ်လို့ အသိပေးထားပါတယ်။

 

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew ကကျွန်ုမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက် ရှိသလို၊ ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကို ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပြီး အဲဒီဒေသကလူတွေဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် မိုခါမုန်တိုင်းဟာ ဆက်လက်ပြီးတော့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် တွေအထိ အားကောင်းတဲ့ မုန်တိုင်းအဖြစ် ဆက်ရွေ့လျားနိုင်တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေးထားပါတယ်။

 

Burma Associated Press

မိုချာ
မုန်တိုင်း

Share With
bap-logo