bap-logo
International

ရုရှားတိုက်လေယာဉ် ကြားဖြတ်တိုက်ခိုက်မှုကြောင့် အမေရိကန်ဒရုန်း ပျက်ကျ

FWvtCfcxPKxav_JniVClZ-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၅

ရုရှားတိုက်လေယာဉ်တစ်စင်းသည် ပင်လယ်နက်ပေါ်တွင်ပျံသန်းနေသည့် အမေရိကန်ဒရုန်းပေါ်တွင်လောင်စာ ဆီများ စွန့်ပစ်ပြီးနောက် ဝင်တိုက်ခဲ့ရာ ဒရုန်းပျက်ကျသွားကြောင်း အမေရိကန်စစ်တပ်က ပြောကြားလိုက်သည်။

 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရုရှား Su-27 တိုက်လေယာဉ်နှစ်စင်းမှာ နိုင်ငံတကာရေပိုင်နက်ပေါ်ရှိ အမေရိကန် MQ-9 Reaper ဒရုန်းကို ကြားဖြတ်ဟန့်တား၍ တစ်စီးက ဒရုန်းပန်ကာကို ဝင်ဆောင့်ခဲ့ကြောင်း အမေရိကန် စစ်တပ်၏ ဥရောပစစ်ဌာနချုပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

"မတိုက်မိခင်မှာ Su-27တွေဟာ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် MQ-9 ဒရုန်းပေါ်ကို လောင်စာဆီတွေ အဆင်အခြင်မဲ့ စွန့်ပစ်တယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်အတွက်လည်း မကောင်းသလို လုပ်ထုံးလုပ်နည်းနဲ့ လည်း မညီပါဘူး" ဟု ပြောကြားထားသည်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့အနေဖြင့် ပင်လယ်နက်ပေါ်တွင် အမေရိကန်ဒရုန်းကို ထောက်လှမ်း တွေ့ရှိခဲ့ပြီးနောက် ကြားဖြတ်ဟန့်တားခဲ့သော်လည်း ပျက်ကျအောင် မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။

 

" MQ-9 ဒရုန်းက အမြင့်ပျံသန်းမှု ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ရေပြင်နဲ့တိုက်မိခဲ့တာပါ။ ကျွန်တော်တို့ တိုက်လေယာဉ် တွေ လက်နက်တစုံတရာမသုံးခဲ့သလို ထိတွေ့မှုလည်းမရှိခဲ့ပါဘူး" ဟု တုန့်ပြန်ထားသည်။

 

ပင်တဂွန်စစ်ဌာနချုပ်က ၎င်းတို့အနေဖြင့် ရုရှားတိုက်လေယာဉ်က ဝင်တိုက်သည့်ဗွီဒီယိုကို အများကြည့်ရှုခွင့် ရှိအောင် ထုတ်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒရုန်းပျက်ကျမှု အတွက် ရုရှားသံအမတ်ကို ဆင့်ခေါ်ထားကြောင်း သိရသည်။

 

ဒရုန်းပျက်ကျသည့်ဖြစ်ရပ်ကို ဘရပ်ဆဲမြို့ရှိ နေတိုးသံအမတ်များကလည်း အတည်ပြုထားသည်။ သို့သော် ယင်းဖြစ်ရပ်ကြောင့် ရုတ်တရက်စစ်ရေးတင်းမာမှု ဖြစ်လာဖွယ်မရှိဟု ဆိုသည်။

 

အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ MQ-9 Reaper ဒရုန်းများကိုထောက်လှမ်းခြင်း၊ တိုက်ခိုက်ခြင်း နှစ်ခုစလုံးအတွက် အသုံးပြု၍ ပင်လယ်နက်ရှိ ရုရှားရေတပ်ကို ကာလရှည်စောင့်ကြည့်လျှက်ရှိသည်။

 

Source/ပုံ – TRT World

Burma Associated Press

 

ရုရှား
အမေရိကန်
ဒရုန်း

Share With
bap-logo