bap-logo
Politics

စစ်ကောင်စီနဲ့ ပြည်သူ့စစ်က အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

vYyCosds1xssYy08MWkf0-image

လွန်ခဲ့သော တစ်နှစ် က

 

ဖေဖော်ဝါရီ

 

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ဆီဆိုင်မြို့နယ်၊ နောင်အယ်ရွာသား အသက် ၅၀ နှစ်အရွယ် အမျိုးသားတဦးကို ဖေဖော်ဝါရီ ရက်နေ့က ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။

 

ဖေဖော်ဝါရီလ ရက်နေ့အထိ PNLAက ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးများနဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

လေကြောင်းရန်ကြောင့် ပြည်သူအားလုံးနီးပါး ထွက်ခွာသွားကြသလို ပစ္စည်းတွေ ပြန်သယ်လို့လည်း မရဘဲ ဆီဆိုင်မြို့အဝင်နေရာတွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေ အစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

 

"စစ်ဆေးရေးဂိတ်ဆိုတာက စစ်တပ်နဲ့ပြည်သူ့စစ်ရှိတဲ့နေရာ၊ ပစ္စည်းသယ်တဲ့ကားသမာတွေ ပါလာသူတွေကို ရိုက်နှက်တာ၊ ဒူးထောက်လက်မြောက်ခိုင်းတာတွေလုပ်တာမြင်ခဲ့ရတယ်၊ ဒီရက်ပိုင်းဘယ်သူမှမပြန်ရဲဘူး။ လူပါသတ်နေပြီ ဆိုတော့ ပြည်သူတွေသတိထားရတော့မယ်၊ PDF ဖက်က ဖမ်းခံရရင် ရက်ပိုင်း လောက်ဆို အကောင်း ပကတိ အတိုင်းပြန်လွတ်ပေးတယ်" လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

ဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေကတဖက် အခုနှစ် ဇန်နဝါရီ ၂၂ ရက်က စတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး တောင်ကြီးမြို့နဲ့ အနီးအနားမြို့တွေကို ရှောင်ပြေးနေရတာဖြစ်ပါတယ်။

 

ဆီဆိုင်မြို့အနောက်ဘက်ရှိ မုဲင်းဟုဲင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ စစ်ကောင်စီနဲ့အပေါင်းအပါတွေက ခံတပ်စခန်းအဖြစ်တပ်စွဲကာ ဒေသခံပြည်သူတွေရဲ့ ကြက် ဝက် နွား တိရိစ္ဆာန်တွေကို လုယက်ခိုးယူပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ PNLAကအသိပေးထားပါတယ်။

 

"မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ဘဲ သတိဝီရိယနဲ့ ဘေးကင်းလုံခြုံရာမှာ နေထိုင်ကြဖို့ " လို့ PNLA က တိုက်တွန်းထားပါတယ်။

 

ဆီဆိုင်မြို့ရှိ ပြည်သူများရဲ့နေအိမ်ဆိုင်ခန်းများကို ဖောက်ထွင်းခိုးယူတဲ့သူခိုးတွေကို PNLA က ဖမ်းမိထားတာရှိပြီး ဖမ်းမိထားသူတွေရဲ့ထွက်ဆိုချက်အရစစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ခိုးယူရတာလို့ PNLA ကအသိပေးပါတယ်။

 

ဓာတ်ပုံ - PNLA

 

Burma Associated Press

စစ်ကောင်စီ
PNO
သတ်ဖြတ်ခဲ့
အရပ်သား

Share With
bap-logo