bap-logo
Politics

လောက်ကိုင်မှ တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် တရုတ်သံရုံး တိုက်တွန်း

vLc5buCa6YY91X9A5h-K9-image

လွန်ခဲ့သော တစ်နှစ် က

 

လုံခြုံရေးအန္တရာယ်များ တိုးမြင့်လာသည့်အတွက် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှ တရုတ်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာရန် မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ကြာသပတေးနေ့တွင် တိုက်တွန်း လိုက်သည်။

 

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ လက်ရှိ လုံခြုံရေးအခြေအနေက ပြင်းထန်ပြီး ရှုပ်ထွေးပါတယ်။ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေကို သက်ဆိုင်သူတွေ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှု အမြင့်ဆုံး ဆက်လက်ပြုလုပ်နိုင်ဖို့၊ မြေပြင်အခြေအနေ သက်သာပြေလျော့ရေးလုပ်ဆောင်နိုင်ဖို့နဲ့ အခြေအနေ ငြင်သာစွာ ပူးတွဲဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ဟု Mao က ပြောသည်။

 

တရုတ်လူမျိုးများ၏ ဘေးကင်းစေရေး အာမခံချက်ပေးရန်လည်း သူမက ဒေသအာဏာပိုင်များကို တောင်းဆို လိုက်သည်။

 

ယခုလအစောပိုင်းတွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား ယာယီအပစ်ရပ်စဲရေးနှင့်ဆွေးနွေးမှု ဆက်လက်ပြုလုပ်ရေး တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

 

သို့ရာတွင် တော်လှန်ရေးအဖွဲ့များက မြန်မာ့ 'အာဏာရှင် စနစ်ကျရှုံးရေး လုပ်ဆောင်မှုများ ဆက်လက်လုပ် ဆောင်သွားမည်ဟု ပြောကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် အပစ်အခတ်ရပ်စဲရေးအကြောင်း မဖော်ပြခဲ့ပေ။

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာလ ရက် ၂၀၂၃ ခုနှစ် လောက်ကိုင်မြို့မြင်ကွင်း။ (Photo: Reuters)

 

Burma Associated Press

လောက်ကိုင်
တရုတ်
ညီနောင်မဟာမိတ်
စစ်တပ်
ပဋိပက္ခ

Share With
bap-logo