Politics
ဖုန်ကန်ရာဇီတောရိုင်းတိရိစ္တာန် ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်နေ
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၂၀။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်မှုများ ပြုလုပ်နေသည်ဟု သဘာဝပတ်ဝန်းကျင်အရေး လေ့လာနေသူများထံမှသိရသည်။
"အားဒီဂါလာလာ (နာမည်ပြောင်) ဆိုတဲ့ လီဆူမျိုးတစ်ယောက်လုပ်တာ။ တရုတ်က သူဌေးတွေဆီက အကြွေးတွေ ယူပြီး စီးပွားရေးသောင်းကျန်းနေတဲ့ကောင်။ အာဏာသိမ်းနေတာကို ပျော်နေတဲ့သူပေါ့" လို့ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးက BAP ကိုပြောပါတယ်။
ဘေးမဲ့တော၏ အောက်ဖက် သစ်ပင်ကြီးစခန်းမှ ခန်းတောက်မြစ်- ဖုန်ရင်ရာဇီလမ်း စခန်း ၁ မှ ၃ မူလာရှီဒီ ရေကျော်မှ အိန္ဒိယသို့သွားသည့်လမ်း နေရာတွင် သစ်ခိုးထုတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူ များက ဆိုသည်။
“အရင် ခေါင်လန်ဖူးနဲ့ အထက် ခါကာဘို ဥယျာဉ် မခွန်ကန်ထိတောင်ရောက်တယ်၊ အမြင့်ပိုင်းက ဖာလားဆိုတဲ့ သစ်တမျိုး အပင်ကြီးမျိုး၊ ပင်စည်ကိုဖောက်ပြီး နမူနာယူ အထဲမှာ အနက်လို အစင်းကြောင်းတွေပါရင် ခုတ်လှဲပြီး အထူ ၄ လက်မ အရှည် ၅,၆ ပေ ရောင်ခြမ်းတွေ လုပ်ပြီး တရုတ်ကို ပို့လို့ အဲမျိုးသစ်တွေ နယ်စပ် တလျောက်မရှိတော့ဘူး” ဟု သဘာဝပတ်ဝန်းကျင်လေ့လာနေသည့် အဖွဲ့ကဆိုသည်။
ယခုလိုသစ်ခိုးထုတ်မှုများကို ယခင်က ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းလည်း ပြုလုပ်ခဲ့ဖူးပြီး တာဝန်ရှိ သူများက အချိန်မီတားဆီးနိုင်သည့်အတွက် ရပ်နားသွားကြောင်းသိရသည်။
“အဲ့ဒီအချိန်က ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းကို ဌာနက ဘာမှမလုပ်ခဲ့ဘူး။ ခုလဲ ဖုန်ကန်ဖက် လုပ်နေတာ အဲ့မျိုး သစ်တွေကို လုပ်တဲ့ပုံစံ စမ်းခုတ်လှဲပြီး ရောင်ခြမ်းတေတွေ သယ်နေတာ ပူတာအိုတောင် ရောက်နေပြီလို့ သိရတယ် သက်ဆိုင်သူတွေ ပေါင်းစားတာလား” ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတစ်ဦးက မေးခွန်းထုတ်ထားသည်။
တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောဖြစ်သည့် ဖုန်ကန်ရာဇီတွင် ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၈၂ မျိုးတို့ကို လေ့လာတွေ့ရှိထားသည်။ ထို့အပြင် အခြားသော ဇီဝမျိုးစုံမျိုးကွဲလေ့လာကာ သုနေတသနပြုလုပ်နိုင်သည့် နေရာအဖြစ်လည်း သတ်မှတ်ထားသည်။
ဓာတ်ပုံ - လူမှုကွန်ရက်
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က