bap-logo
Politics

စစ်တပ်၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

PNdsUCUHDXdcR1KGt7YEu-image

လွန်ခဲ့သော တစ်နှစ် က

တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းမှုဆန့်ကျင့်သည့် တိုက်ခိုက်ရေးသမားများက ထိုးစစ်အသစ်ဆင်မှုကြောင့် မြန်မာစစ်တပ်ဗိုလ်ချုပ်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပေါ်နေစဉ်တွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်သည်ဟု တောင်းဆိုလိုက်သည်။

 

MNDAA TNLA နှင့် AA တို့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်စခန်း ရာဂဏန်းကျော်နှင့် တရုတ်နယ်စပ် အဓိကမြို့များကို ထိန်းချုပ်ထားနိုင်ကြောင်း ကြေငြာထားသည်။ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် PDF တပ်ဖွဲ့များကလည်း တိုင်းရင်းသားမဟာမိတ်များနှင့် ပူးပေါင်းခဲ့သည့်အတွက် စစ်တပ်၏ ဒေါသတကြီး တုန့်ပြန် ခြင်းကို ခံခဲ့ရပြီး အစားအစာ၊ ငွေကြေး၊ သတင်းအချက်အလက်နှင့် တိုက်ခိုက်ရေးသမားများရရှိနိုင်မှု ဖြတ်တောက်ရန် အရပ်သားများကို ပစ်မှတ်ထားသော တင်းကျပ်သည့် ဖြတ်လေးဖြတ်စနစ်ဖြင့် ခုခံ တော်လှန်ရေးအဖွဲ့များနှင့် အရပ်သားများကို ခွဲခြားပိတ်ဆို့ခဲ့သည်။

 

စစ်တပ်က "ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် အရပ်သားများထံမှ ခိုးယူခြင်းများ ပြုလုပ်ခဲ့သည်

 

စစ်တပ်က "ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် အရပ်သားများထံမှ ခိုးယူခြင်းများ ပြုလုပ်ခဲ့သည်။ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြာသပတေးနေ့တွင် ထုတ်ပြန်သော ထိခိုက်ခဲ့သည့် အရပ်သားများကို မေးမြန်းချက်များအပေါ်အခြေခံသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထား သည်။

 

အာဏာသိမ်းစဉ်က စ၍ မြန်မာနိုင်ငံမှ လူပေါင်း နှစ်သန်းကျော် နေအိမ်မှ အတင်းအကျပ် ရွှေ့ပြောင်း ခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး နောက်ဆုံးဖြစ်ပေါ်နေသည့် တိုက်ပွဲများက လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။

 

မြန်မာစစ်တပ်သည် အရပ်သားများအတွက် ဆိုးရွားသော အကျိုးဆက်များဖြစ်ပေါ်စေသည့် ခွဲခြားမှုမရှိသည့် သွေးစွန်းသော တိုက်ခိုက်မှု အစဉ်အလာ ရှိသည်။ ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့များ၏ အဓိကထိုးစစ်ကို ကြမ်းတမ်းရက်စက်စွာ တုန့်ပြန်ရာတွင်လည်း ယခင် ကာလရှည်ကြာကျင့်သုံးသည့် ပုံစံကွက်များနှင့် ကိုက်ညီနေသည်။ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အကျပ်အတည်းတုန့်ပြန်ရေးအစီအစဉ် ညွှန်ကြားရေးမှူး Matt Wells က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။ "အာဏာသိမ်းပြီး သုံးနှစ်ခန့်အကြာတွင် မြန်မာတစ်ဝှမ်း ခံစားနေရသော အရပ်သားများသည် သက်သာရာရမည့် လက္ခဏာမတွေ့ရသော်လည်း မြန်မာ့အရေးသည် နိုင်ငံတကာအစီအစဉ်များတွင် ပါဝင်မှု များစွာပင် လျော့နည်းသွားသည်။

 

ခွဲခြားမှုမရှိသည့် တိုက်ခိုက်မှုများ

 

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဖော်ပြခဲ့သော အဖြစ်အပျက်များတွင် နိုဝင်ဘာ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် AA က သိမ်းယူခဲ့သည့် ရဲစခန်းတစ်ခုလည်း ပါဝင်သည်။

 

၎င်းမြို့ကို မနက်အစောပိုင်း တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် စစ်တပ်က ပေါက်တောမြို့နေ ၂၀,၀၀၀ကို ထွက်ခွာရန် အချိန် တစ်နာရီပေးခဲ့သည်။

 

အချို့မှာ ထွက်ခွာခြင်း မပြုနိုင်ခဲ့ဘဲ ၎င်းတို့အိမ်တွင် နေသည်ထက် လုံခြုံမည်ဟု ယူဆရသည့် မြို့စွန်ရှိ လောကထိပ်ပန်ဘုရားအတွင်း စုပေါင်းအဆောက်အအုံတွင် ခိုလှုံနေခဲ့ရသည်။

 

ဗီဒီယိုများ၊ ဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာပြီး လက်နက်နှင့် စစ်အသုံးအဆောင်များကို ဖော်ထုတ်စိစစ်ချက်များ ပြုလုပ်ရာ စစ်တပ်က ၎င်းတို့၏ မြေပြင်၊ ပင်လယ်၊ လေကြောင်းတို့မှ မြို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး Mi-24 Hind ဟယ်လီကော်ပတာမှ S-5K ဒုံးကျည်ပစ်ချခြင်းနှင့် သင်္ဘောများက ပေါက်ကွဲမှုပြင်းထန်သည့် ၄၀ မမ ဗုံးများ ပစ်ခတ်ခဲ့သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ပြသည်။

 

လူဦးရေ ထူထပ်သော ဒေသများတွင် တိကျမှန်ကန်မှုမရှိသော ၎င်းလက်နက်များ အသုံးပြုခြင်းသည် စစ်ရေးပစ်မှတ်နှင့်အရပ်သား သို့မဟုတ် အရပ်ဘက်အရာဝတ္တုများကို မြန်မာစစ်တပ်၏ ခွဲခြားနိုင်စွမ်းအပေါ် စိုးရိမ်မှုများ မြင့်တက်စေသည်။ တိုက်ခိုက်မှုများသည် ခွဲခြားမှုမရှိနိုင်သည့်အတွက် ၎င်းတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးသင့်သည်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

စစ်သားများက ဘုရားဝန်းအတွင်းမှ အဆောက်အအုံများအတွင်း ဝင်ရောက်လာပြီး လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့နှင့် ပြောဆိုခဲ့သည့် မျက်မြင်သက်သေ၏အဆိုအရ ၎င်းနေရာတွင်ပုန်းအောင်း နေသော သူများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်

 

ထို့နောက် စစ်သားများက ဘုရားဝန်းအတွင်းမှ အဆောက်အအုံများအတွင်း ဝင်ရောက်လာပြီး လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့နှင့် ပြောဆိုခဲ့သည့် မျက်မြင်သက်သေ၏အဆိုအရ ၎င်းနေရာတွင်ပုန်းအောင်း နေသော သူများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဖမ်းဆီးခံရသူ အမျိုးသမီး သုံးဦး သေဆုံးခဲ့သည်ဟု မျက်မြင်သက်သေက ဆိုသည်။

 

လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံရကာ အချို့မှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး မိုးသည်းထန်စွာ ရွာနေသည့် စုပေါင်းအဆောက်အအုံများ၏ ပြင်ပတွင် အတင်းအကျပ်နေစေခဲ့သည်။ အခြားသူများမှာ ခန်းမအတွင်း သော့ပိတ်ခံထားခဲ့ရကာ ၎င်းတို့ကို ရေနှင့် အစားအစာ နှစ်ရက် မပေးဘဲ ထားခဲ့သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို ပြောပြကြသည်။'

 

စစ်တပ်က အိမ်တွင် နေသူများကိုလည်း နှောင့်ယှက်ထိပါးမှုများ ပြုလုပ်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်သည့် တွေ့သမျှလူကို ဖမ်းဆီးခြင်း၊ မိသားစုအဖိုးတန်ပစ္စည်းများကို ခိုးယူခြင်းတို့ပြုလုပ်ခဲ့သည်။

 

AA က ပေါက်တောမှ စစ်တပ်ကို နိုဝင်ဘာလ ၂၁ ရက်တွင် မောင်းထုတ်ခဲ့ပြီး လောကထိပ်ပန်ဘုရားဝန်းအတွင်းမှ အဖမ်းဆီးခံထားရသူများကို လွှတ်ပေးခဲ့သည်။ လူများထွက်ပြေးကြသောအခါ စစ်တပ်က မြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရရှိခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ပြင်းထန်သည့် လောင်ကျွမ်းမှုများနှင့် အရပ်သားပိုင်ဆိုင်မှုဖြစ်နိုင်ချေရှိသည့် နေအိမ်များ၊ ဈေးတစ်ခုနှင့် ဘာသာရေးပရဝုဏ်များ ပျက်ဆီးနေခြင်းတို့ တွေ့ခဲ့ရသည်။

 

၁၀၂၇ စစ်ဆင်ရေးမစတင်မီက AA သည် ရခိုင်ပြည်နယ်တွင် မတည်ငြိမ်သည့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီထားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စစ်တပ်က မူဆလင်ရိုဟင်ဂျာလူဦးရေ သိန်းပေါင်းများစွာကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ အတင်းအကျပ် ထွက်ပြေးစေခဲ့သည့် ပြင်းထန်သော တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ၎င်းဖြိုခွင်းမှုကို မြို့များ၊ ရွာများတွင် ပြုလုပ်ခဲ့ရာတွင် ပေါက်တောလည်း ပါဝင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး၏ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ၎င်းမြို့လည်း ပါဝင်နေသည်။

 

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ကို ညပိုင်း တိုက်ခိုက်ရာတွင် အခင်းဖြစ်ပွားရာ နေရာမှ လက်နက်ခဲယမ်းများ၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ချက်အရ ကလပ်စတာခဲယမ်းများ အသုံးပြုခဲ့ဖွယ်ရှိသည်ဟုလည်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မှတ်တမ်းတင်ထားသည်။

 

ကလပ်စတာခဲယမ်းဆိုသည်မှာ လေထဲတွင်ပွင့်ထွက်ပြီး သေးငယ်သော "ဗုံးသီးများ” ကျယ်ပြန့်သည့် ဧရိယာအတွင်းသို့ ထုတ်လွှတ်သည့် ဗုံးဖြစ်သည်။ ဗုံးသီးများသည် တင့်ကားများ၊ တပ်ဖွဲ့များစသည် ပစ်မှတ်အများအပြားကို တစ်ပြိုင်တည်း ထိခိုက်ရန် ပုံစံထုတ်ထားခြင်းဖြစ်သည်။ ၎င်းဗုံးများ၏ ကျယ်ပြန့်စွာ ထိရောက်သော အတိုင်းအတာအတွင်း မပေါက်ကွဲသော ဗုံးသီးများသည် အရပ်သားများအတွက် အန္တရာယ်ကျရောက်စေနိုင်သည်။

 

အမြီးပိုင်း၊ ထွက်ပေါ်နေသည့် အီလက်ထရောနစ်အစိတ်အပိုင်းများ၊ ကလပ်စတာခဲယမ်း၏ အဓိက ဗုံးခွံအပိုင်းအစ အတွင်းပိုင်းပြွန်တို့၏ ဓာတ်ပုံများသည် ယခင် မြန်မာစစ်တပ်က တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ သည့် ကလပ်စတာခဲယမ်းအကြွင်းအကျန်များနှင့် ကိုက်ညီနေသည်။ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခင်နှစ်က ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် ကလပ်စတာခဲယမ်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မှတ်ချက်ဖော်ပြထားသည်။

 

ကလပ်စတာဗုံးအသုံးပြုမှု တားမြစ်ပိတ်ပင်သည့် သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၂၀ ကျော်က ပူးပေါင်းပါဝင်ထားကြသည်။

 

မြန်မာစစ်တပ်က ခုခံမှုများကို ဖိနှိပ်ရန်အားထုတ်ရာတွင် အလွဲသုံးစားဖိနှိပ်မှုများနှင့် စစ်ရာဇဝတ်မှု ဖြစ်နိုင်ချေများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂနှင့် အခြားအဖွဲ့များက တောင်းဆိုထားခဲ့ကြပြီးဖြစ်သည်။

 

ကိုးကား - Al Jazeera

ပုံစာ - အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ မြန်မာစစ်တပ်က ဗုံးကျဲပြီးနောက် အပျက်အစီးများအကြား ရှာဖွေနေသည့် အမျိုးသမီးတစ်ဦး။ (Photo: File, AFP)

 

အာဏာသိမ်းစစ်အုပ်စု
ရက္ခိုင့်တပ်တော်
ရိုဟင်ဂျာ
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
စစ်ရာဇဝတ်မှု
အရပ်သား

Share With
bap-logo