bap-logo
Data

ကရင်နီတွင် စစ်​ရှောင်ရင်း သေဆုံးသူ ၁၄၂ ဦး ရှိ

PjF94CFKWPkLD8o0iQwZs-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁။
 
စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ်စက်တင်ဘာလ ၃၀ ရက်အထိ ကရင်နီတွင် တိုက်ပွဲများ​ကြောင့် စစ်​ရှောင်ရင်း​သေဆုံးသူ ၁၄၂ ဦး ရှိသည်ဟု တိုးတက်​သောကရင်နီပြည်သူ့အင်အားစု-PKPFက ယ​နေ့ထုတ်ပြန်သည်။
 
၂ နှစ်​ကျော်အတွင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၃၈၂ ဦး ရှိသည်ဟုလည်း ဆိုသည်။
 
ဒါ့အပြင် တိုက်ပွဲအကြိမ်ရေ ၈၂၂ ကြိမ် ရှိခဲ့ပြီး စစ်​ကောင်စီဘက်က ၂,၃၈၇ ဦး ​သေဆုံးခဲ့သည်ဟု ​ဖော်ပြထားသည်။
 
တိုက်ပွဲများအတွင်း KNDF/PDF/KA ပူး​ပေါင်းတပ်ဖွဲ့ဘက်က ၃၃၃ ဦး ကျဆုံးခဲ့ရသည်ဟု ဆိုသည်။
စစ်​ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၆၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၈၃ ဦး ဖမ်းဆီးခဲ့ သည်ဟု အသိ​ပေးထားသည်။
 
ဒါ့အပြင် ဘာသာရေးအဆောက်အုံ ၄၂ လုံးနှင့် ​နေအိမ် ၁,၈၉၁ လုံး ပျက်စီးခဲ့သည်ဟုလည်း ​ဖော်ပြထားသည်။
 
ဓါတ်ပုံ - KNDF
 

 

ကရင်နီ
ကရင်နီအမျိုးသားကာကွယ်ရေးတပ်
စစ်ကောင်စီ
အရပ်သား
သတ်ဖြတ်ခဲ့
ဒုက္ခသည်

Share With
bap-logo