Politics
စစ်ကောင်စီက ကော့ကရိတ်တောင်ပိုင်း ကျေးရွာများ အတွင်းသို့ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်
လွန်ခဲ့သော တစ်နှစ် က
ဇွန် ၁၃။
ကော့ကရိတ်တောင်ပိုင်းကျေးရွာများအတွင်းသို့ စစ်ကောင်စီက ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် အတွဲလိုက်ဒုံးများဖြင့်အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။
ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှနေ၍ အတွဲလိုက်ဒုံး ရှစ်လုံးထက်မနည်းဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုမရှိပေ။
ယခု ဇွန်လ ပထမပတ်တွင်လည်း စစ်ကောင်စီ၏ Drone မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်တောင်ပိုင်း၊ ကမိုင်ကုန်းကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ရသည်။
ကော့ကရိတ်မြို့မှ ဧပြီလ ၁၂ ရက်တွင် စတင်ထွက်ခွာခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးသည် နှစ်လကြာသည်အထိ ဒေါနတောင်ကို မကျော်နိုင်သေးပေ။
ထိုသို့ ရှေ့ဆက်မရဖြစ်နေသည့် အောင်ဇေယျစစ်ဆင်ရေးအတွက် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီက ဟောင်ဝှစ်ဇာများ၊ အတွဲလိုက်ဒုံးများဖြင့် နေ့စဉ် ရမ်းကားပစ်ခတ်လျှက်ရှိနေသည်။
ပုံစာ - ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကော့ကရိတ်တောင်ပိုင်းကျေးရွာတစ်ခု၌ စစ်ကောင်စီလက်နက်ကြီး ထိမှန်ထားသည့်နေရာတစ်ခု (ပုံဟောင်းဖြစ် သည်)
Burma Associated Press
Related Articles
- NUG အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တဲ့ ဒေါ်ဖြိုးစန္ဒာစိုး ILO ရဲ့ Worker Deputy Member အဖြစ် ရွေးကောက်ခံရ
- ဆီဆိုင်မှာ အတင်းအကြပ် စစ်မှုထမ်းစေတာနဲ့ စစ်မှုထမ်းစားရိတ် တောင်းယူမှုတွေကြောင့် နေရပ်ပြန်မယ့်သူတွေ အခက်ကြုံ
- ဆေးရုံတွင် မြန်မာတစ်ဦးကို ပစ်ခတ်ခဲ့သည့် ထိုင်းရဲ အဖမ်းခံ
- PDF ရဲဘော်တွေဖန်တီးထားတဲ့ “စစ်သည်တော်တို့ တေးသွား” Music Album လက်မှတ်များရောင်းချ