bap-logo
Politics

စစ်တပ်က ဆီဆိုင်မြို့မှာ ဗုံးကျဲချ

tsLmw7p35Xw2Xct60UI_0-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၂၅။

 

ရှမ်းပြည်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ ယမန်နေ့ နာရီကျော်အချိန်က စစ်ကောင်စီတပ်တွေ လေယာဥ်နဲ့ဗုံးကျဲချခဲ့ပြီး ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

"လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရောပဲ၊ ကလေးနဲ့ ဘယ်ပြေးလို့ပြေးရမှန်းမသိ၊ ကလေးတောင် လန့်တယ်၊ လမ်းတွေလဲပိတ်ထားပြီမို့ မြို့ထဲကျန်နေခဲ့ရတာပါ၊ အမျိုးတွေလဲ မရှိတော့ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

 

ဗုံးကျဲချတဲ့အတွက် လက်ရှိ နှစ်ဦး ဒဏ်ရာရရှိနေတယ်လို့ သိရပါတယ်။

 

ဒဏ်ရာရလူနာကုသဖို့ ဆရာဝန်သူနာပြုတွေမရှိသေးလို့ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ မြို့တွင်းကျန်နေ ခဲ့သူ အချို့ကအသိပေးပါတယ်။

 

ယမန်နေ့န်နဝါရီ ၂၄ ရက် ညပိုင်းမှာ ပစ်ခတ်သံတွေကြားနေရပြီး စစ်ကောင်စီတပ်၊ လက်အောက်ခံ PNOတို့က တစ်ဖက်၊ PNLA နဲ့မဟာ မိတ်တပ်များက တစ်ဖက် တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာလို့ သိရပါတယ်။'

 

"ဆီဆိုင်မြို့မှာဘယ်ပြေးရမလဲ၊ ကားလည်းမငှားတတ်၊ ငွေလည်းမရှိကလေးတွေနဲ့ လေယာဉ်ကကျဲ၊ ဘယ်နေရာတွေ ထပ်ရှောင်ရမှာလဲ၊ လွိုင်ကော်က ပြေးလာတာမှမကြာသေး၊ စားဖို့တောင် မနည်းရှာနေတုန်း ဒုက္ခရောက်နေပြီ" လို့ မြို့ခံတဦးက ပြောပါတယ်။

 

ဇန်နဝါရီ ၂၄ ရက် ၁၀ နာရီဝန်းကျင်ခန့်မှာတော့ စစ်ကောင်စီကလေယာဉ်နဲ့ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်နေပြီး စာသင်ကျောင်း တစ်ကျောင်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
စစ်ကောင်စီ
လေကြောင်းတိုက်ခိုက်မှု
ဆီဆိုင်မြို့
အရပ်သား
ဒုက္ခသည်

Share With
bap-logo