Politics
ကျောက်မဲမှာ စားနပ်ရိက္ခာ သယ်ဆောင်တဲ့ကားတွေကို စစ်ကောင်စီ ဖမ်းဆီး သိမ်းဆည်းတာတွေလုပ်နေ
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၁၈။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ စားနပ်ရိက္ခာတွေသယ်ဆောင်လာတဲ့ ကားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီး သိမ်းဆည်းတာတွေပြုလုပ်နေတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြို့ခံအချို့ဆီက သိရပါတယ်။
"ဆန်တွေ တင်ပြီးတောင်ပေါ် သွားတဲ့ကားတွေကို သိမ်းတာ၊ ဦးလေးကြီး တစ်ယောက်ဆို သူကဆန်တွေကားနဲ့ တင်ပြီးတောင်ပေါ်သွားမလို့တဲ့၊ အဲဒါ သူ့ကို ရပ်ခိုင်းပြီး ဘယ်သွားမလဲ ဘာညာမေးပြီးတော့ ဆန်တင်ထားတဲ့ ကားထားခဲ့ပြီးသွားတော့လို့ ပြန်လွတ်လိုက်တာ၊ အမေ့ဆိုင်ရှေ့မှာပဲ သိမ်းသွားတာ"လို့ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။
ဒီလိုသိမ်းဆည်းတာဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ တာတွေပြုလုပ်မှာစိုးရိမ်လို့ လုပ်နေတာလို့ ဒေသခံအချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျောက်မဲမြို့နယ်က အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်တွေအတွက် ရိက္ခာဝယ်ပေးသူလို့ စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျောက်မဲဒေသခံ အချို့ဆီက သိရပါတယ်။
ဆန်တင်တဲ့ကားတွေဆိုရင်စစ်သားတွေကပေးမသွားဘဲ အချိန်အတော်ကြာ စစ်ဆေးတာတွေ၊ ရပ်မပေးပါက ပစ်ခတ်မှုတွေ ပြုလုပ်လုပ်လေ့ရှိတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
"အချို့ဆန်တင်ကားတွေဆိုကားပါသိမ်းတာရှိတယ်၊ အရင်က မိုးကုတ် မိုးမိတ် တို့သွားတဲ့လမ်းနားဆို မကြာခဏ အသိမ်းခံနေကြရတယ်"လို့ ကျောက်မဲ ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့အကြား ဇန်နဝါရီ ၁၁ ရက်က စတင်ပြီး ယာယီအပစ်ရပ်ကြဖို့ သဘောတူခဲ့ကြပေမယ့် ကျောက်မဲမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ တအာင်းတပ် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်းကျောက်မဲ မြို့က အိုမ်တမာဝ်း လူမှုကူညီရေးအသင်းက ကူညီလှုပ်ရှားသူတွေကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့က အရပ်ဝတ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
Related Articles
- မြန်မာစစ်တပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့ အပစ်ရပ်ရန် သဘောတူဟု TNLA က Reuters ကို ပြော
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက စစ်ဘေးရှောင်တွေရဲ့ဖုန်းကို ရဲက စစ်ဆေးမှုရှိနေ
- လားရှိုး- မန္တလေးကားခ ကျပ်တစ်သိန်းကျော်နေ
- လမ်းလျှောက်ပွဲနဲ့ သံဃာတော် ကြိုဆိုပွဲရှိတယ်လို့ဆိုပြီး MNDAA ကို ဆန္ဒပြဖို့ တောင်ကြီး အုပ်ချုပ်ရေးမှူးတွေ လူစု
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၉ ရက် က