bap-logo
Politics

ဆေးရုံတွင် မြန်မာတစ်ဦးကို ပစ်ခတ်ခဲ့သည့် ထိုင်းရဲ အဖမ်းခံ

qrGE9m4piD-VxSA_Ao7ZB-image

လွန်ခဲ့သော ၃ လ က


Muang ခရိုင်ရှိ ပြည်သူ့ဆေးရုံတစ်ခုမှ လူနာတစ်ဦးကို သေစေလောက်သည်အထိ ပစ်ခတ်မှုနှင့် ပတ်သက်၍ နယ်မြေခံရဲအရာရှိတစ်ဦးက အာဏာပိုင်များထံ အဖမ်းခံခဲ့သည်။

 

Khon Kaen ဆေးရုံတွင် ကုသမှု ခံယူနေသည့် ရဲအရာရှိ၏ ဖခင်၏ ဘေးကပ်လျက် ကုတင်မှ အသက် ၂၉ နှစ်ရှိ မြန်မာအမျိုးသားတစ်ဦးက ရဲအရာရှိ၏ ဖခင်ကို အနှောက်အယှက်ပြုနေခြင်းအတွက် စိတ်ပျက်ဒေါသထွက်ခဲ့ခြင်းကြောင့် ပစ်ခတ်ခဲ့ကြောင်း သေနတ်သမား ရဲအရာရှိက ဝန်ခံခဲ့သည်။

 

Khon Kaen မြို့ Phra Yuen စခန်းမှ အသက် ၃၄ နှစ် အရွယ်ရှိ ရဲတပ်ကြပ်ကြီးသည် Khon Kaen ပြည်နယ် ရဲစခန်းတွင် မနက် နာရီခွဲက ကိုယ်တိုင် အဖမ်းခံခဲ့သည်။

 

သံသယတရားခံက သူနဲ့ အရင်က သိကျွမ်းခြင်းမရှိတဲ့ မြန်မာအလုပ်သမားကို ပစ်ခတ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်

 

 

သံသယတရားခံသည် စိတ်ဖိစီးမှုနှင့် စိတ်ရှုပ်ထွေးနေသည့်ဟန် တွေ့မြင်ရကြောင်း သို့သော် ပစ်ခတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း Khon Kaen ရဲ တပ်ဖွဲ့မှ ရဲချုပ် Anuwat Suwannaphum က စနေနေ့ နေ့လည်တွင် ပြောသည်။

 

သံသယတရားခံက သူနဲ့ အရင်က သိကျွမ်းခြင်းမရှိတဲ့ မြန်မာအလုပ်သမားကို ပစ်ခတ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ဟု ၎င်းက ပြောသည်။ "သူက ပစ်ခံရသူကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ အဲဒီလူက သူမကြိုက်တဲ့ ထိတ်ထိတ်ပျာပျာ အပြုအမူတွေ လုပ်နေတယ်လို့ ခံစားရလို့ပါ။ ဒါကြောင့် ခေါင်းကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ သူဘာကြောင့် ပစ်ရတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။

 

၎င်းပစ်ခတ်သူ ရဲအရာရှိက ရဲဘက်မှ စုံစမ်းစစ်ဆေးရေးမှူးများကို ဆက်သွယ်ခဲ့ပြီး ကြာသပတေးနေ့ ညဘက်တွင် အသက် ၂၉ နှစ်အရွယ်ရှိ ကျော်စွာအောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

 

ပစ်ခတ်မှုကို နယ်မြေရဲစခန်းသို့ သောကြာနေ့မနက် နာရီတွင် သတင်းပို့ခဲ့ကြသည်။

 

ရဲနှင့် မှုခင်းသိပ္ပံအရာရှိများက ပစ်ခတ်ခံရသူသည် ငါးလွှာရှိ ဆေးရုံအဆောင်တစ်ခုအတွင်းတွင် ဦးခေါင်းနောက်ဘက်၌ သေနတ်ဒဏ်ရာရှိခဲ့သည်ဟု တွေ့ရှိခဲ့ကြသည်။ ဆေးရုံဝန်ထမ်းများက အရေးပေါ်ခန်းမအတွင်းသို့ ကုသပေးရန် သယ်ဆောင်သွားကြသော်လည်း မကြာမီမှာပင် သေဆုံးသွားပြီဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ည်။

 

ကနဦး စုံစမ်းစစ်ဆေးမှုအရ ရဲတပ်ကြပ်ကြီး Veeraphong သည် ၎င်း၏ မွေးဖွားရာဇာတိ Phra Yuen ခရိုင် ရဲစခန်းသို့ မပြောင်းရွှေ့မီ လွန်ခဲ့သည့် သုံးနှစ်က Waeruwan ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။ ပစ်ခတ်ခံရသူသည် Waeruwan ရဲစခန်းအပိုင်နယ်မြေတွင်းရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။

 

စုံစမ်းစစ်ဆေးမှုနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ဦးက ရဲတပ်ကြပ်ကြီး Veeraphong သည် စိတ်ဓာတ်ကျဆင်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားနေရသည်ဟု ပြောသည်။ ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သိရှိထားကြကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

 

၎င်းကို ဖိစီးမှု လျော့ကျစေရန် စုံစမ်းစစ်ဆေးရေးဌာနမှ စခန်း တာဝန်ကျရဲအရာရှိ ရာထူးသို့ အထက်အရာရှိက ပြောင်းရွှေ့ခဲ့သည်။

 

၎င်း၏ ဖခင်က ရဲထံ အဖမ်းခံရန် ခေါ်ဆောင်လာခဲ့ကြပြီးနောက် စနေနေ့တွင် ရဲချုပ် Anuwat နှင့် အခြားသော အကြီးတန်း အရာရှိများက ရဲတပ်ကြပ် Veeraphong ကို မေးမြန်းစစ်ဆေးမှုများ ပြုခဲ့ကြသည်။

 

ရဲတပ်ကြပ်ကြီး Veeraphong သည် Khon Kaen ဆေးရုံ အဆောင် ရှိ ပစ်ခတ်ခံရသူ၏ ကပ်လျက် ကုတင်တွင် ဆေးကုသမှု ခံယူနေသည့် ၎င်း၏ ဖခင်ထံ လာရောက်တွေ့ဆုံခဲ့ကြောင်း ဆွေမျိုးများက ရဲကို ပြောသည်ဟု Khon Kaen အကြီးအကဲက ပြောသည်။ ပစ်ခတ်ခံရသူသည် အဆောင် တွင် ခွဲစိတ်မှု ခံယူရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

 

ဆွေမျိုးများက ပြောသည်မှာ သံသယတရားခံသည် ၎င်း၏ဖခင်ထံမှ မြန်မာလူနာနှင့်ပတ်သတ်၍ ၎င်းက နှောက်ယှက်နေ၍ အိပ်မရကြောင်း မကျေမနပ်ပြောဆိုနေသည်ကို ကြားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ပြောသည်။ ထို့နောက် သံသယတရားခံသည် အဆောင် သို့ လမ်းလျှောက်သွားကာ ကိုကျော်စွာအောင်ကို တွေ့ရှိခဲ့ပြီး သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သည့်အတွက် အိပ်ယာထဲတွင်ပင် သေဆုံးခဲ့သည်ဟု ရဲချုပ် Anuwat က ပြောသည်။

 

သံသယတရားခံကို ကြိုတင်ကြံစည်ပြင်ဆင်ပြီး လူသတ်မှု၊ လက်နက်နှင့် ခဲယမ်း တရားမဝင် ပိုင်ဆိုင်မှုတို့ဖြင့် အမှုဖွင့်ထားသည်။

 

ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက ယခုကဲ့သို့ ပြစ်မှုမျိုး ကျူးလွန်လိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးမိကြောင်း ပစ်ခတ်ခံရသူ၏ ချစ်သူမိန်းကလေး Manee က စနေနေ့တွင် ပြောသည်။

 

ပစ်ခတ်ခံရသူက သံသယတရားခံ၏ ဖခင်ကို နှောက်ယှက်ကြောင်း စွဲဆိုပြောကြားချက်များနှင့် ပတ်သတ်၍ သူမ၏ ချစ်သူအမျိုးသားသည် မိုဘိုင်းဖုန်းဖြင့် ညနက်သည်အထိ ဂိမ်းကစားခြင်းကို နှစ်သက်ကြောင်း၊ ၎င်းအချက်က အခြားသူများကို နှောက်ယှက်ရာရောက်ကောင်း ရောက်နိုင်ကြောင်း သူမက ပြောသည်။ မည်သို့ပင်ဖြစ်စေ သံသယတရားခံအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်မျိုးဖြင့် မဖြေရှင်းသင့်ကြောင်း သူမက ပြောသည်။

 

ကိုးကား - Bangkok Post

 

ပုံစာ - ရဲတပ်ကြပ်ကြီး Veeraphong Buayen ကို ၎င်း၏ အိမ်သို့ သေနတ်နှင့် အခြား သက်သေအထောက်အထားများ ရှာဖွေရန် ရဲတပ်ဖွဲ့မှ ခေါ်ဆောင်လာစဉ်။ ၎င်းက ဆေးရုံတွင် ပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လည် သရုပ်ပြရန် ငြင်းဆိုထားသည်။ (Photo: Chakkrapan Natanri)

 

Burma Associated Press

မြန်မာ
ရွေ့ပြောင်းအလုပ်သမား
ထိုင်း
ရဲတပ်ဖွဲ့
သတ်ဖြတ်မှု

Share With
bap-logo