bap-logo
Politics

KIO အုပ်ချုပ်နယ်မြေမှာ ယခုပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း ၄၀၀ ကျော်အထိရှိလာ

QJYWJvfdce6OU9cUNZ5-C-image

လွန်ခဲ့သော ၃ လ က

ဇွန် ၅။

 

ကချင်လွတ်လပ်ရေးအဖွဲ့-KIO ရဲ့ အုပ်ချုပ်နယ်မြေမှာ ယခုနှစ် ၂၀၂၄-၂၀၂၅ နှစ် ပညာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၄၄၈ ကျောင်းအထိ ရှိလာတော့မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က သူရဲ့ လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

 

ယခင်နှစ်က KIO နယ်မြေမှာ ကျောင်းပေါင်း ၂၁၅ ကျောင်း ရှိခဲ့တာဖြစ်လို့ ယခုပညာသင်နှစ်မှာ ထက်ဝက်ကျော်ထပ်မံဖွင့်လှစ်နိုင်ခဲ့တာပါ။

 

အဲဒီကျောင်းတွေမှာ ဆရာဆရာမ ,၆၇၉ ဦး နဲ့ ပညာရေးဝန်ထမ်း ၄၁၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

 

၁၉၉၄-၂၀၁၁ အပစ်အခတ်ရပ်စဲရေးကာလမှာ ၁၀ တန်းစာမေးပွဲကို မြစ်ကြီးနားမှာ ဖြေကြရပါတယ်။ တကျော့ပြန်စစ်ပွဲတွေက ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းရေးကာလကို နိဂုံးချုပ်စေပြီး၊ မြစ်ကြီးနားကို စာမေးပွဲဖြေခွင့်ပြီးဆုံးသွားခဲ့တယ်။ KIO ပညာရေးဌာနအနေနဲ့ အခြေခံပညာရေးကိုသာမက အဆင်မြင့်ပညာရေး ကို တိုးချဲ့ဖွင့်လှစ်ဖို့လိုလာပါတယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။

 

KIO အုပ်ချုပ်မှုနယ်မြေထဲက ကျောင်းတွေမှာ KG ကနေ Grade-12 အထိ -- စနစ်နဲ့သင်ကြားမှာဖြစ်ပြီး မိခင်ဘာသာစကား စာပေအပြင် ကချင်မဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအတွက် ပုဂ္ဂလိကကျေင်းတွေ ဖွင့်ခွင့်ပေးထားတယ်လို့လည်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။

 

နေရာအသီးသီးက ကျောင်းသားတွေ မိမိစိတ်တိုင်းကျ ကျောင်းရွေးချယ်ခွင့်ရကြပါစေ။ ကျောင်းများအားလုံး(အားလုံး) စစ်ဘေးဒဏ်မှ ကင်းလွတ်ကြပါစေလို့လည်း သူက ဆုတောင်းပေးထားပါတယ်။

 

အဆင့်မြင့်ပညာရေးမှာဆိုရင် ဆရာအတတ်သင်ကောလိပ်(မိုင်ဂျာယန်) မိုင်ဂျာယန်ကောလိပ်၊ အုပ်ချုပ်ရေးအရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုးရေးမွေးမြူရေးဒီပလိုမာကျောင်း၊ သူနာပြုသင်တန်းကျောင်း၊ ဗိုလ်သင်တန်းကျောင်း၊ ကချင်ပြည်နယ်ပညာစုံတက္ကသိုလ်၊ Federal Law အကယ်ဒမီ၊ Institute of liberal arts and sciences (Mai Ja Yang) တို့ရှိတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။

 

Burma Associated Press

ကချင်လွတ်မြောက်ရေးတပ်မတော်
စာသင်ကျောင်း

Share With
bap-logo