bap-logo
Politics

တောင်ကြီးက ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းစာရင်း အကျုံးဝင်သူတစ်ဦးကို နှစ်သောင်းကျပ် ပေးရ

0b7pw1jLv8rxN3Y0vaC-g-image

လွန်ခဲ့သော ၄ လ က

 

မေ ၁၂။

 

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ စစ်မှုထမ်းစာရင်း အကျုံးဝင်တဲ့ နေအိမ်တွေမှာ တစ်ဦးကို နှစ်သောင်းကျပ် ပေးဆောင်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

 

စစ်မှုထမ်းစာရင်းမှာ မိသားစုဝင် လေးဦး ပါဝင်နေပါကလည်း တစ်ဦးကို နှစ်သောင်းနှုန်းနဲ့ ရှစ်သောင်း ပေးခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေးက ချပေးခဲ့တဲ့ လူဦးရေစာရင်းအတိုင်း ကောက်ခံခဲ့တာလို့ လူငယ်မိဘ တစ်ဦးက BAP ကို ပြောပါတယ်။

 

အဆိုပါရပ်ကွက်အတွင်း စစ်မှုထမ်းစာရင်းပါတဲ့ လူဦးရေများတာကြောင့် စစ်မှုထမ်းပေးမယ့်သူလည်း များနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

အဲဒီလို ကောက်ခံရတဲ့ ငွေကြေးတွေနဲ့ စစ်မှုထမ်းမဲ့လူတစ်ဦးကိုထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးတာကြောင့် မဲနှိုက်စရာ မလိုဘဲ တစ်နှစ်စာအတွက် လူအပြည့် ရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

 

"ဆင်းရဲသားရပ်ကွက်ဆိုတော့ သိန်း ၅၀ လည်းရ၊ လစာလည်းရမယ်၊ နောင်နှစ်တွေကျလည်း စစ်မှုမထမ်းရ တော့ဘူး၊ နောင်နှစ်ဆိုရင်လည်း ထောက်ပံ့ကြေးငွေက ရမရ မသေချာတော့ဘူး၊ အဲတာကြောင့် ဒီတစ်ကြိမ်ကို စစ်မှုထမ်းဖို့ လူအချို့က စိတ်ဝင်စားကြတော့၊ မဲနှိုက်စရာ မလိုတော့တာ" လို့ စစ်မှုထမ်းစာရင်းပါသူ မိဘတစ်ဦးက ပြောပါတယ်။

 

ချမ်းမြသာစည်ရပ်ကွက်မှာ နယ်မြေ ၁၂ ခုရှိပြီး အချို့အိမ်တွေက သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမို ထောက်ပံ့တာကြောင့် တစ်ဦးကို ကျပ်သိန်း ၅၀ အထိ ပေးနိုင်တာလို့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောပါတယ်။

 

မဲနှိုက်ပြီး ရွေးရင် ပြသနာတွေများတာရယ်၊ မဲမသမာမှုလုပ်မှာ စိုးရိမ်တာကြောင့် ဒီလိုစီစဥ်တာကို မိဘတွေ အားပေးကြတယ်၊ ရပ်ကွက်က အခြေခံလူတန်းစားတွေ များတော့ လူဦးရေသိပ်သည်းတယ်၊ နောင်နှစ်တွေတော့ ဘယ်လိုလာမလဲမသိဘူး၊ ဒီနှစ်တော့ လူအပြည့် ၁၂ ယောက် ရခဲ့တယ်၊ ရပ်ကွက်ရုံး လူအများရှေ့ ခေါ်ပေးခဲ့တာ"လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

စစ်မှုထမ်းဖို့ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ထားသူအများစုဟာ ရပ်ကွက်ရုံးမှာ နေထိုင်သူတွေ၊ ရပ်ကွက်ထဲ အလုပ်အတည်အကျ မရှိသူတွေ၊ ငွေကြေးချို့တဲ့သူတွေ အများဆုံး ပါဝင်နေကြတယ်လို့ သိရပါတယ်။

 

စစ်မှုထမ်းဖို့ စာရင်းဝင်ထားသူတွေ နောက်ထပ် လေးလ တစ်ကြိမ် မဲနှိုက်ရဦးမှာဖြစ်တာကြောင့် တောင်ကြီးမြို့က ရပ်ကွက်အများစု တစ်နှစ်စာအတွက် ကြိုတင်ရွေးချယ်ထားတာလို့ ဆိုပါတယ်။

 

ပြည်သူ့စစ်သင်တန်း အပတ်စဉ် ကနေ အထိ တပ်မတော်မိသားစုဝင်တွေ၊ တပ်မတော် ချစ်မြတ်နိုးသူတွေ၊ မိမိစိတ်ဆန္ဒနဲ့ အရင်ဦးဆုံး တာဝန်ထမ်းလိုသူ၊ မိမိစိတ်ဆန္ဒနဲ့ အမည်စာရင်း အရင်ဆုံးလာပေးသူတွေကိုသာ စိစစ်ရေးအဖွဲ့တွေက ဦးစားပေး လက်ခံသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

 

ဒါပေမယ့်လည်း မြေပြင်မှာတော့ ပထမအကြိမ်စစ်မှုထမ်းဖို့ ပြည်သူတွေထဲက စတင်ခေါ်ဆောင်ထားတာ ခံနေရတာဖြစ်ပါတယ်။

 

"ပြည်သူတွေကတော့ ဘယ်သူက စစ်မှုထမ်းချင်ကြမှာလဲ၊ ခုလိုမထမ်းရဘဲ ဝိုင်းဝန်းထောက်ပံ့တာမျိုး မလုပ်ချင်ပေမယ့် စစ်မှုထမ်းဖို့ တစ်နှစ်လွတ်တော့ မိဘတွေ စိတ်နည်းနည်း အေးရတာပေါ့" လို့ တောင်ကြီးမြို့က မိဘတစ်ဦးက ပြောပါတယ်။

 

တောင်ကြီးမြို့က အချို့ရပ်ကွက်တွေမှာလည်း ကိုယ်စားစစ်မှုထမ်းဖို့ သွားမယ့်သူတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့တာကြောင့် သိန်း ၅၀ နဲ့အထက်ရရှိတဲ့ ရပ်ကွက်တွေ အများကြီးရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ဒသမ သန်းနဲ့ အမျိုးသမီး ဒသမ သန်း) ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီဖက်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်ပြီး အခြားလက်နက်ကိုင်အဖွဲ့ကို ဝင်ရောက်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ခြိမ်းခြောက် ထားပါတယ်။

 

Burma Associated Press

တောင်ကြီး
စစ်မှုထမ်းဥပဒေ
လူငယ်

Share With
bap-logo