bap-logo
Data

လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီ ၁၀ ခုကို စစ်ကောင်စီ ဗဟိုဘဏ်က လိုင်စင် ပြန်ရုပ်သိမ်း

qMSVoEWY6wNjqmtlM0sJL-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၃။

 

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရထားတဲ့ ကုမ္ပဏီ ၁၀ ခုဟာ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အတွက် လိုင်စင်ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုနှစ် ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

 

အမှုဆောင်ကော်မတီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်ရတာလို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထား ပါတယ်။

 

လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေကတော့ Kannan Trading Co, Ltd ၊ Net Change Co, Ltd ၊ Thira Aung Si Trading Co , Ltd ၊ Riverwood Group Co, Ltd ၊ Global Myanmar Services Co, Ltd ၊ D-Gold Trading Co, Ltd ၊ Aurum Image Co, Ltd ၊ Hi Welcome Travel @ Tours Co, Ltd ၊ Sweeties Pearls Co, Ltd ၊ Chase Travels & Tours Co, Ltd တို့ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အခုနှစ် မတ်လတုန်းကလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်တဲ့ ကုမ္ပဏီ ၂၀ ခုကို လိုင်စင်ရုပ်သိမ်းခဲ့ပါသေးတယ်။

 

Burma Associated Press

ဗဟိုဘဏ်
နိုင်ငံခြားငွေလဲလှယ်နှုန်း
လိုင်စင်

Share With
bap-logo