Data
ချင်းတွင် နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံးခဲ့
လွန်ခဲ့သော ၃ နှစ် က
မေ ၉။
ချင်းပြည်နယ်တွင် ယခုနှစ် မတ်လမှ ဧပြီလအထိ နှစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသား တပ်ဦး-CNFက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် နှစ်လအတွင်း လေကြောင်းဖြင့် ဗုံးအလုံးရေ စုစုပေါင်း ၁၂၁ လုံးကျော် ကြဲချခဲ့ပြီး CNA ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်ဟုလည်း သိရသည်။
အဆိုပါလေကြောင်း ဗုံးကြဲမှုများကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင်နှင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု CNFက ဆိုသည်။
ဓာတ်ပုံ- CDF-Mindat
ချင်း
air strike
Top News
Spyware ပါဝင်နေတဲ့ VPN တွေရဲ့ အန္တရာယ်
လွန်ခဲ့သော ၂ ရက် က
မြန်မာကို အရေးယူပိတ်ဆို့မှု EU သက်တမ်းတိုး
လွန်ခဲ့သော ၈ ရက် က
အာဆီယံ၏ ကုန်ပစ္စည်းမူလဒေသ သတ်မှတ်ချက်ဆိုင်ရာ ပြဿနာ
လွန်ခဲ့သော ၁၇ ရက် က
Articles
Share With