bap-logo
Data

ကေအဲန်ယူတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆ သိန်းနီးပါးအထိ တိုးလာနေ

cGxvBdTIuBxXnTVJS-hba-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဇူလိုင် ၉။

 

ကရင်အမျိုးသားအစည်းအရုံး- KNU အုပ်ချုပ်နယ်မြေတွင် ယခုနှစ်ဝက်ထိ စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကြောင့် စစ်ဘေးရှောင် စုစုပေါင်း ၆ သိန်းကျော် (၅၉၉,၄၀၀ ဦး) အထိ တိုးလာနေသည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်သည်။

 

စစ်ဘေးရှောင်များသည် နေရာထိုင်ခင်းအတွက် အမိုးအကာနှင့် စားနက်ရိက္ခာ မလုံလောက်မှု အခက်အခဲ များကို ရင်ဆိုင်နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက် ရှိသည်ဟု သိရသည်။

 

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘေးရှောင်နေရသူပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိသည်ဟု United Nations OCHA Myanmar က ထုတ်ပြန်ထားသည်။

 

ပုံစာ- ကေအဲန်ယူ၊ တပ်မဟာ ၆ ရှိ မဲကနယ်ဒေသခံ စစ်ဘေးရှောင်များ

 

Burma Associated Press

ဒုက္ခသည်
စစ်တပ်
ကေအဲန်ယူ

Share With
bap-logo