bap-logo
Data

ကော်သူးလေနယ်မြေ တပ်မဟာ(၆)တွင် မေလအတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွါးခဲ့

IcanxtH4TB5XcVhPcvBi1-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် - ၂၃

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ () တွင် ပြီးခဲ့တဲ့ မေလအတွင်း တိုက်ပွဲကြီး၊ ငယ်ပေါင်း ၃၁ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) လက်အောက်ခံပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၁) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က (၄၆) ဦး သေဆုံးကာ(၄၀) ဦး ဒဏ်ရာရခဲ့ကြောင်း ဆိုထားသည်။

 

စစ်တပ်ဘက်မှ () ဦးကို စစ်သုံ့ပန်းအဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း () ဦး ဒဏ်ရာရခဲ့ပြီး () ဦးကျဆုံးခဲ့ကြောင်း ဆိုထားသည်။

 

ထို့ပြင် စစ်တပ်က မေလအတွင်း ပြည်သူလူထုများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု () ကြိမ်၊ လက်နက်ကြီးများဖြင့် (၁၀၂) ကြိမ် ခန့် ပစ်ခတ်ခဲ့ပြီး နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၁၇) ဦး ဒဏ်ရာရခဲ့ပြီး (၁၃) နှစ်အရွယ် မောင်သန်းနိုင်ဦး အပါအဝင် () ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဆိုထားသည်။

 

ထိုအပြင် ခရစ်ယာန် ဘုရားကျောင်း () ကျောင်း၊ နေအိမ် ( ၂၂) လုံး ပျက်စီးခဲ့ကြောင်း၊ ကွမ်းသီးပင် (၅၀) ပင် နှင့် ရော်ဘာပင် (၁၃၂) ပင် ပျက်စီးခဲ့ရပြီး ပြည်သူပိုင် အိမ်စီးကား () စီးလည်း ပျက်စီးခဲ့ကြောင်းဆိုထားသည်။

 

မေလအတွင်း ဒူးပလာယာခရိုင်တွင် စစ်ဘေးရှောင်ဦးရေပေါင်း (၂၂၅၂၃) ဦး ရှိကြောင်း မိုးတွင်းရာသီ ကာလ ဖြစ်နေသည့်အတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေး ဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုများ လုံလုံလောက်လောက်မရှိခြင်း စသည့် အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရ ကြောင်း KNU ကဆိုသည်။

 

Burma Associated Press

ကရင်
ကေအဲန်ယူ
စစ်တပ်
ပဋိပက္ခ

Share With
bap-logo