bap-logo
Politics

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှုးကို ရေးဘီလူးအဖွဲ့လုပ်ကြံသတ်ဖြတ်

q4hE8fozmOrd6zZBBLoZu-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၈။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှုးဆိုသူ တစ်ဦးကို ယနေ့ အောက်တိုဘာလ ၁၈ ရက် မနက် နာရီခွဲအချိန်တွင် ရှင်းလင်းခဲ့သည်ဟု ရေးဘီလူးက ထုတ်ပြန်သည်။

 

ရေးမြို့နယ် ပင်လယ်ငါးဖမ်းသင်္ဘောတွေအပေါ် ဩဇာအပြည့်ရှိ/ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့ ငါးဦးစီးမှုးကို အနားပေးလိုက်ပါပြီဟု ရေးဘီလူးက ယင်းတို့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

ငါးလုပ်ငန်းဦးစီးမှူးဆိုသူကို မည်သည့်အတွက်ကြောင့် လုပ်ကြံသတ်ဖြတ်ရသည်ကို BAP အနေဖြင့် ရှင်းရှင်းလင်းမသိသေးပေ။

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က ရေးမြို့နယ်၊ မြသီတာစျေးအနီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

 

ပုံစာ - လုပ်ကြံသတ်ဖြတ်ခံရသည့် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှုုးဆိုသူ (ဓာတ်ပုံ - ရေးဘီလူး)

 

Burma Associated Press

ရေးမြို့နယ်
သတ်ဖြတ်ခဲ့

Share With
bap-logo