Politics
KNU ဥက္ကဌဟောင်းကို ကရင်ဒေသ ငြိမ်းချမ်းရေးအတွက် ဦးစီးဆောင်ရွက်စေချင်ဟု စစ်ခေါင်းဆောင်ထပ်ပြော
လွန်ခဲ့သော ၂ နှစ် က
အောက်တိုဘာ ၁၇။
ကရင်အမျိုးသားအစည်းအရုံး- KNU ၏ ဥက္ကဌဟောင်းဖြစ်သူ အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် စောမူတူးစေးဖိုးအား ကရင်ဒေသငြိမ်းချမ်းရေးအတွက် ဦးစီးဆောင်ရွက်စေလိုသည်ဟု အာဏာသိမ်း ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုလာသည်။
ယမန်နေ့က နေပြည်တော်တွင် စောမူတူးစေးဖိုးပါဝင်သည့် အဖွဲ့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သူများတွင် KNU ဥက္ကဌဟောင်းနှင့်အတူ KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒို ရွှေမောင်းလည်း ပါဝင်သည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် သူကိုယ်တိုင်နှင့် သူ၏ ဇနီး ဒေါ်ကြူကြူလှ အပါအဝင် လူအမြောက်အများကို ဘွဲ့များပေးခဲ့ရာတွင် KNU ဥက္ကဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးကိုလည်း ၂၀၂၂ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။
အခုနှစ် ဧပြီလတွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် စောမူတူးစေးဖိုးက ဝင်အရွေး မခံတော့ဘဲ အနားယူခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် ဥက္ကဌဟောင်းသည် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST တွင် ဦးဆောင်နာယကတာဝန်ကို မိခင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကန့်ကွက်မှုကြောင့် ပြန်လည် ရုပ်သိမ်းခဲ့သူ ဖြစ်သည်။
Related Articles
- အရာတော်နယ်က PDF စခန်းတစ်ခု စီးနင်းခံရပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးသတ်ဖြတ်ခံရ
- သဲကုန်းတွင် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးစိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး
- ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေမှ လူသားချင်းစာနာမှု အထောက်အပံ့များ ထပ်မံပေးအပ်မည်
- စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်မည်မဟုတ်ဟု ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းပြော
Top News
လွန်ခဲ့သော ၇ ရက် က